ဖားများသည် အရှင့်ထံမှလည်းကောင်း၊ အရှင့်နန်းဆောင်များထဲမှလည်းကောင်း၊ အရှင့်အမှုထမ်းများနှင့် အရှင့်လူများထဲမှလည်းကောင်း ထွက်သွား၍ နိုင်းမြစ်၌သာကျန်ရှိကြလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
ဖားတို့ကိုကိုယ်တော်၏နန်းတော်နှင့်ကိုယ် တော်၏မှူးမတ်ပြည်သူတို့ထံမှဖယ်ရှား၍ မြစ်ထဲ၌သာနေစေလိမ့်မည်'' ဟုလျှောက် ထားပြီးလျှင်၊-
ဖား များ သည် ကိုယ် တော် နှင့် နန်း တော် ဆောင် များ မှ လည်း ကောင်း၊ ကျေး ကျွန် သင်း ပင်း ပြည် သူ ပြည် သား တို့ ထံ မှ လည်း ကောင်း ပ ပျောက်၍ မြစ်၌ သာ ကျန် ရှိ ပါ အံ့ ဟု မော ရှေ လျှောက် ပြီး လျှင်၊
ဖားတို့သည်ကိုယ်တော်နှင့် ကိုယ်တော်အိမ်များ၊ ကျွန်များ၊ လူများထံမှထွက်သွား၍ မြစ်၌သာနေကြလိမ့်မည်ဟု မောရှေလျှောက်ပြီးလျှင်၊
ထာဝရဘုရားက မောရှေအား “သင်သည် အီဂျစ်ပြည်သို့ပြန်ရောက်သောအခါ သင်၌ ငါအပ်ပေးသော အံ့ဩဖွယ်အမှုအလုံးစုံတို့ကို ဖာရောမင်းကြီးရှေ့၌ပြုလော့။ သို့ရာတွင် ငါသည် သူ၏စိတ်နှလုံးကို မာကျောစေမည်ဖြစ်၍ သူသည် အစ္စရေးလူမျိုးတို့ကို မလွှတ်ဘဲနေလိမ့်မည်။
သို့သော် ထာဝရဘုရားမိန့်ဆိုတော်မူသည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျော၍ မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
ထာဝရဘုရားက မောရှေအား “ဖာရောမင်းကြီး၏စိတ်နှလုံးသည် ခိုင်မာ၍ အစ္စရေးလူမျိုးတို့ကို လွှတ်ရန်ငြင်းဆန်၏။
ထို့နောက် မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းကြီးထံမှထွက်သွားကြ၏။ ဖာရောမင်းကြီးအပေါ်၌ ဖားများကျရောက်စေတော်မူသောအမှုကြောင့် မောရှေသည် ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်လေ၏။
ထိုအခါ ထာဝရဘုရားသည် မောရှေတောင်းလျှောက်သည့်အတိုင်းပြုသဖြင့် ဖားများသည် အိမ်များ၊ ခြံဝင်းများ၊ လယ်များထဲ၌ သေကြကုန်၏။
နိုင်းမြစ်သည် ဖားများနှင့်ပြည့်နှက်လိမ့်မည်။ ထိုဖားများသည်တက်လာ၍ သင်၏နန်းတော်၊ သင်အိပ်သောအခန်းနှင့်အိပ်ရာထဲသို့လည်းကောင်း၊ သင့်အမှုထမ်းများနှင့်ပြည်သူပြည်သားတို့၏အိမ်ထဲသို့လည်းကောင်း၊ သင်၏မီးဖိုများနှင့်မုန့်နယ်ခွက်များထဲသို့လည်းကောင်း ဝင်ကြလိမ့်မည်။
မောရှေကလည်း ဖာရောမင်းကြီးအား “ဖားများကို အရှင့်ထံမှလည်းကောင်း၊ အရှင့်နန်းဆောင်များထဲမှလည်းကောင်း သုတ်သင်ဖယ်ရှား၍ နိုင်းမြစ်၌သာကျန်ရှိစေရန် အရှင်နှင့် အရှင့်အမှုထမ်းများ၊ အရှင့်ပြည်သူပြည်သားများအတွက် အကျွန်ုပ်ဆုတောင်းရမည့်အချိန်ကို သတ်မှတ်ပေးပါ”ဟု လျှောက်လေ၏။