“အီဂျစ်ဘုရင်ဖာရောမင်းကြီးသည် သူ၏ပြည်ထဲမှ အစ္စရေးအမျိုးသားတို့ကိုလွှတ်ပေးရန် သွား၍ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ထွက်မြောက် 6:29 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက မောရှေအား “ငါသည် ထာဝရဘုရားဖြစ်၏။ သင့်အားငါမိန့်ဆိုသောအရာအားလုံးကို အီဂျစ်ဘုရင်ဖာရောမင်းကြီးအားဆင့်ဆိုလော့”ဟု မိန့်တော်မူခဲ့၏။ Garrad Bible ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။ သင့် အား ငါ မိန့် မှာ သ မျှ ကို အိ ဂျစ် ဘု ရင် ဖာ ရော မင်း ထံ ဆင့် ဆို လော့ ဟု မော ရှေ အား မိန့် တော် မူ သော်၊ Judson Bible ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှာလိုက်သမျှတို့ကို၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအားပြန်ပြောရမည်ဟု မောရှေအား ထာဝရဘုရားမိန့်တော်မူ၏။ |
“အီဂျစ်ဘုရင်ဖာရောမင်းကြီးသည် သူ၏ပြည်ထဲမှ အစ္စရေးအမျိုးသားတို့ကိုလွှတ်ပေးရန် သွား၍ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ အစ္စရေးအမျိုးသားတို့အား ‘ငါသည် ထာဝရဘုရားဖြစ်၏။ အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကို ဆွဲထုတ်၍ သူတို့၏ကျွန်ပြုခြင်းမှလည်း သင်တို့ကို ငါကယ်နုတ်မည်။ လက်ရုံးကိုဆန့်လျက် သူတို့ကိုကြီးလေးသောအပြစ်ဒဏ်ပေးခြင်းဖြင့် သင်တို့ကို ငါရွေးနုတ်မည်။
ငါသည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ကျိန်ဆိုခဲ့သည့်ပြည်သို့ သင်တို့ကိုပို့ဆောင်မည်။ ထိုပြည်ကိုလည်း သင်တို့အား ငါအပိုင်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သင့်အား ငါမိန့်မှာသောအရာအားလုံးကို သင်ပြောရမည်။ ဖာရောမင်းကြီးသည် အစ္စရေးအမျိုးသားတို့ကို သူ၏ပြည်မှလွှတ်မည့်အကြောင်း သင်၏အစ်ကိုအာရုန်သည် သူ့အားလျှောက်ရမည်။
အိပ်မက်နိမိတ်ရသောပရောဖက်သည် သူ့အိပ်မက်ကို ဟောပါစေ။ နှုတ်ကပတ်တော်ကိုရသောသူသည် နှုတ်ကပတ်တော်ကို သစ္စာရှိစွာဟောပါစေ။ အဖျင်းနှင့်စပါး မည်သို့ဆိုင်သနည်း”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားက “ထာဝရဘုရား၏အိမ်တော်ဝင်း၌ရပ်၍ ထာဝရဘုရား၏အိမ်တော်သို့ လာရောက်ရှိခိုးကိုးကွယ်ကြသော ယုဒပြည်သူပြည်သားအားလုံးတို့အား ငါမိန့်မှာထားသောစကားရှိသမျှတို့ကို ဆင့်ဆိုလော့။ စကားတစ်ခွန်းကိုမျှ မချန်ထားနှင့်။
ဖမ်းခေါ်သွားခြင်းခံရသော သင့်အမျိုးသားချင်းတို့ထံသို့သွား၍ သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ‘ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူသည်’ဟူ၍ သူတို့အား ဆင့်ဆိုရမည်”ဟု ဆို၏။
“အချင်းလူသား၊ ငါသည် သင့်ကို အစ္စရေးလူမျိုးတို့ကိုစောင့်ကြည့်သော ကင်းစောင့်အဖြစ် ခန့်ထားပြီ။ ငါပြောသောစကားကိုကြားတိုင်း သူတို့ကို ပြန်ပြောရမည်။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ငါသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဘုရားသခင်၏အကြံအစည်တော်ကို သင်တို့အား အကုန်အစင်ဖော်ပြခဲ့ပြီ။