ထွက်မြောက် 40:28 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ကိန်းဝပ်တော်မူရာတဲတော်၏အဝင်ဝ၌ လိုက်ကာကိုတပ်၏။ Common Language Bible သူသည်တဲတော်တံခါးဝတွင်ကန့်လန့်ကာ ကိုတပ်ဆင်ပြီးနောက်- Garrad Bible မော ရှေ သည်၊ ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း စံ ရာ တော် မုတ် ဝ ပိတ် ရန် ကန့် လန့် ကာ ကို ကာ ထား ပြီး လျှင် မီး ရှို့ ပူ ဇော် ရာ ပ လ္လင် တော် ကို တွေ့ ဆုံ ၍ စံ တော် မူ ရာ တဲ တော် မုတ် ဝ၌ ထား လျက် ၎င်း အ ပေါ် တွင် မီး ရှို့ ရာ သ က္ကာ၊ ဘော ဇဉ် သ က္ကာ များ ကို ဆက် ကပ် လေ ၏။ Judson Bible တဲတော်တံခါးဝ၌လည်း၊ ကုလားကာကိုဆွဲကာလေ၏။ |
မီးရှို့ရာယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ထား၍ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ပူဇော်၏။
နံ့သာပေါင်းရွှေယဇ်ပလ္လင်ကို သက်သေခံချက်သေတ္တာတော်၏ရှေ့၌ထားရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အဝင်ဝ၌ လိုက်ကာတပ်ရမည်။
ငါသည် တံခါးပေါက်ဖြစ်၏။ မည်သူမဆို ငါ့အားဖြင့်ဝင်လျှင် ကယ်တင်ခြင်းခံရမည်။ ထိုသူသည် ဝင်ထွက်ကာ ကျက်စားရာကိုတွေ့ရလိမ့်မည်။
ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။
ဤသို့ဖြင့် ငါတို့နှစ်မျိုးစလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၌ ခမည်းတော်ထံသို့တိုးဝင်ခွင့်ကို ကိုယ်တော်အားဖြင့်ရရှိကြ၏။