ကန့်လန့်ကာကို ချိတ်များ၌ချိတ်ဆွဲထား၍ သက်သေခံချက်သေတ္တာတော်ကို ကန့်လန့်ကာ၏အတွင်းဘက်နေရာ၌ သွင်းထားရမည်။ ကန့်လန့်ကာသည် သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံးဌာနကို ပိုင်းခြားပေးထားမည်။
ထွက်မြောက် 40:21 - မြန်မာ့စံမီသမ္မာကျမ်း သေတ္တာကို ကိန်းဝပ်တော်မူရာတဲတော်ထဲသို့ ယူဆောင်လာပြီး သက်သေခံချက်သေတ္တာတော်ကိုကာရန် ကန့်လန့်ကာတပ်၏။ Common Language Bible ထိုနောက်သူသည်သေတ္တာတော်ကိုတဲတော် အတွင်း၌သွင်း၍ ကန့်လန့်ကာကိုကာသ ဖြင့်၊ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သေတ္တာကိုကာထားလေ၏။- Judson Bible သေတ္တာကို တဲတော်၌သွင်း၍ ကွယ်ကာရာအတွင်းကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက်သေတ္တာကို ကွယ်ကာလေ၏။ |
ကန့်လန့်ကာကို ချိတ်များ၌ချိတ်ဆွဲထား၍ သက်သေခံချက်သေတ္တာတော်ကို ကန့်လန့်ကာ၏အတွင်းဘက်နေရာ၌ သွင်းထားရမည်။ ကန့်လန့်ကာသည် သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံးဌာနကို ပိုင်းခြားပေးထားမည်။
သေတ္တာနှင့် သေတ္တာ၏ထမ်းပိုးများကိုလည်းကောင်း၊ ကရုဏာတော်ပလ္လင်နှင့် ၎င်းကိုကာရန် ကန့်လန့်ကာကိုလည်းကောင်း၊
ကိန်းဝပ်တော်မူရာဌာနထဲ၌ သက်သေခံချက်သေတ္တာတော်ကို ထားပြီးလျှင် ထိုသေတ္တာတော်ကို ကန့်လန့်ကာဖြင့် ကာရမည်။
ယဇ်ပုရောဟိတ်သည် မိမိ၏လက်ချောင်းကို သွေးထဲသို့နှစ်ရမည်။ သွေးအချို့ကို ထာဝရဘုရားရှေ့တော်၊ သန့်ရှင်းရာဌာန၏ကန့်လန့်ကာရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။