မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ကိန်းဝပ်တော်မူရာတဲတော်ကိုတည်ရာတွင် အောက်ခံအစွပ်များကိုနေရာချ၏။ ဘောင်များကိုထောင်၏။ ကန့်လန့်ကျင်များကိုလျှို၏။ တိုင်များကိုထူ၏။
ထွက်မြောက် 40:19 - မြန်မာ့စံမီသမ္မာကျမ်း ကိန်းဝပ်တော်မူရာတဲတော်အပေါ်တွင် တဲတော်ကိုဖြန့်မိုး၍ ထိုအပေါ်တွင် တဲတော်အမိုးကို ထပ်မိုး၏။ Common Language Bible ထာဝရဘုရားကသူ့အားမိန့်တော်မူသည့် အတိုင်းတဲတော်အမိုးကိုဖြန့်မိုးလျက် ထို အမိုးအထက်အပေါ်ထပ်အမိုးကိုမိုး ပြန်၏။- Judson Bible တဲတော်အပေါ်မှာ တဲကိုဖြန့်မိုး၍ ထိုတဲအပေါ်မှာလည်း အထပ်ထပ် မိုးပြန်လေ၏။ |
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ကိန်းဝပ်တော်မူရာတဲတော်ကိုတည်ရာတွင် အောက်ခံအစွပ်များကိုနေရာချ၏။ ဘောင်များကိုထောင်၏။ ကန့်လန့်ကျင်များကိုလျှို၏။ တိုင်များကိုထူ၏။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သက်သေခံချက်ကိုယူ၍ သေတ္တာထဲထည့်၏။ သေတ္တာကွင်း၌ ထမ်းပိုးများကိုလျှို၍ သေတ္တာပေါ်၌ ကရုဏာတော်ပလ္လင်ကိုတင်၏။
သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ရွက်ထည်များ၊ တွေ့ဆုံစည်းဝေးရာတဲတော်အမိုး၊ ထိုအမိုးပေါ်ရှိ တဟာရှသားရေအမိုး၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝလိုက်ကာ၊