ထွက်မြောက် 40:17 - မြန်မာ့စံမီသမ္မာကျမ်း ဒုတိယနှစ်၊ ပထမလ၏ပထမနေ့၌ ကိန်းဝပ်တော်မူရာတဲတော်ကိုတည်၏။ Common Language Bible သူတို့သည်အီဂျစ်ပြည်မှထွက်ခွာခဲ့ပြီး နောက် ဒုတိယနှစ်ပထမလ၊ ပထမနေ့ တွင်ထာဝရဘုရားစံတော်မူရာတဲ တော်ကိုစိုက်ထူကြ၏။- Garrad Bible ဒု တိ ယ နှစ်၊ ပ ထ မ လ နေ့ ဦး တွင် စံ ရာ တော် ကို စိုက် ထူ ကြ ၏။ Judson Bible သက္ကရာဇ်နှစ်ခု၊ ပထမလ၊ ပထမနေ့၌ မောရှေသည် တဲတော်ကိုဆောက်လေ၏။ |
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ကိန်းဝပ်တော်မူရာတဲတော်ကိုတည်ရာတွင် အောက်ခံအစွပ်များကိုနေရာချ၏။ ဘောင်များကိုထောင်၏။ ကန့်လန့်ကျင်များကိုလျှို၏။ တိုင်များကိုထူ၏။
အစ္စရေးအမျိုးသားတို့သည် အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့၌ သိနာတောကန္တာရ၊ တွေ့ဆုံစည်းဝေးရာတဲတော်တွင် ထာဝရဘုရားက မောရှေအား
ဒုတိယနှစ်၊ ဒုတိယလ၊ နှစ်ဆယ်ရက်နေ့တွင် မိုးတိမ်သည် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်အပေါ်မှ ကွာသွားသဖြင့်
မောရှေသည် ကိန်းဝပ်တော်မူရာတဲတော်ကို တည်ပြီးသောနေ့၌ ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏တန်ဆာပလာရှိသမျှကို ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။ ယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှကိုလည်း ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။
အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ပထမလ၌ သိနာတောကန္တာရတွင် ထာဝရဘုရားက မောရှေအား
ကိန်းဝပ်တော်မူရာတဲတော်ကိုတည်သောနေ့၌ မိုးတိမ်သည် ကိန်းဝပ်တော်မူရာတဲတော်ဖြစ်သော သက်သေခံချက်တဲတော်ကို ဖုံးလွှမ်းလေ၏။ ထိုမိုးတိမ်သည် နေဝင်ချိန်မှ နံနက်တိုင်အောင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ မီးသဏ္ဌာန်ကဲ့သို့ တည်နေ၏။