ထွက်မြောက် 40:14 - မြန်မာ့စံမီသမ္မာကျမ်း သူ၏သားတို့ကိုလည်း ခေါ်လာ၍ သူတို့အား အတွင်းသင်တိုင်းကို ဝတ်ဆင်ပေးရမည်။ Common Language Bible သူ၏သားများကိုလည်းခေါ်၍အင်္ကျီဝတ် ပေးလော့။- Garrad Bible သား တို့ ကို လည်း ခေါ် ၍ လက် ကျပ် ဝတ် လုံ နှင့် ဆင် ယင် ပြီး လျှင်၊ Judson Bible သူ၏သားတို့သည်လည်း ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကိုခေါ်ခဲ့၍ အင်္ကျီဝတ်စေလျက်၊ သူတို့အဘကို ဆီလိမ်းသကဲ့သို့၊ သူတို့ကိုဆီလိမ်းရမည်။ |
အာရုန်ကို သန့်ရှင်းသောအဝတ်တန်ဆာ ဝတ်ဆင်ပေးရမည်။ သူသည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌ အမှုတော်ကိုဆောင်ရွက်ရန် သူ့ကိုဘိသိက်ပေး၍ သန့်ရှင်းစေရမည်။
သူတို့သည် ငါ့ထံ၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ရန် သူတို့၏ဖခင်ကို ဘိသိက်ပေးသကဲ့သို့ သူတို့ကို ဘိသိက်ပေးရမည်။ ထိုသို့ ဘိသိက်ပေးခြင်းသည် သူတို့၏မျိုးဆက်အစဉ်အဆက် ယဇ်ပုရောဟိတ်အရိုက်အရာကို အစဉ်အမြဲဆက်ခံစေရန်ဖြစ်၏”ဟု မိန့်တော်မူ၏။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
မောရှေသည် အာရုန်၏သားတို့ကိုလည်း ခေါ်ဆောင်လာ၍ သူတို့အား အတွင်းသင်တိုင်းဝတ်ပေးပြီး ခါးစည်းစည်းပေး၏။ ခေါင်းပေါင်းကိုလည်း ပေါင်းပေး၏။
အကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ပြည့်စုံတော်မူခြင်းထဲမှ ကျေးဇူးတော်အပေါ်၌ ထပ်ဆင့်၍ ကျေးဇူးတော်ကိုခံစားရကြပြီ။
သခင်ယေရှုခရစ်တော်ကို ဝတ်ဆင်ကြလော့။ သွေးသားဇာတိ၏တပ်မက်ခြင်းကိုဖြည့်ဆည်းရန် မကြံစည်ကြနှင့်။
ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏။
သင်တို့သည် ဘုရားသခင်အားဖြင့် ခရစ်တော်ယေရှု၌တည်နေကြ၏။ ခရစ်တော်သည် ငါတို့အတွက် ဘုရားသခင်ထံမှလာသော ဉာဏ်ပညာဖြစ်တော်မူပြီး ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ရွေးနုတ်ခြင်းဖြစ်တော်မူ၏။
မိမိ၏သားတော်တည်းဟူသော ငါတို့သခင်ယေရှုခရစ်တော်၏မိတ်သဟာယဖွဲ့ခြင်းထဲသို့ သင်တို့ကိုခေါ်တော်မူသောဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။