သူ့အပေါ်ထားရှိသည့် ငါ၏မေတ္တာကရုဏာကို ငါအစဉ်အမြဲစောင့်ထိန်းမည်။ သူနှင့်ပြုထားသောငါ၏ပဋိညာဉ်သည်လည်း မြဲမြံလိမ့်မည်။
ထွက်မြောက် 39:8 - မြန်မာ့စံမီသမ္မာကျမ်း ရင်ခံပြားကို ဧဖုဒ်လုပ်သကဲ့သို့ ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြင့် လက်ရာမြောက်စွာ ချုပ်လုပ်၏။ Common Language Bible သူတို့သည်ရင်ဖုံးကိုသင်တိုင်းချုပ်သည့်ပစ္စည်း များနှင့်ချုပ်၍ အလားတူပန်းထိုးထားကြ သည်။- Garrad Bible မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း အ ပြာ အ မောင်း အ နီ ချည် မှ စ၍ ရွှေ ချည်၊ ပိုး လျှော် များ နှင့် လက် မြောက် သူ့ အ တတ် ဖြင့် ကိုယ် ဝတ် အ ဆင် တူ ရင် လွှမ်း ကို ရက် လုပ် ၏။ Judson Bible ရွှေနှင့်လည်းကောင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်လည်းကောင်း၊ သင်တိုင်းကိုလုပ်သည်နည်းတူ၊ ရင်ဖုံးကိုထူးဆန်းစွာ လုပ်လေ၏။ |
သူ့အပေါ်ထားရှိသည့် ငါ၏မေတ္တာကရုဏာကို ငါအစဉ်အမြဲစောင့်ထိန်းမည်။ သူနှင့်ပြုထားသောငါ၏ပဋိညာဉ်သည်လည်း မြဲမြံလိမ့်မည်။
ဧဖုဒ်နှင့်ရင်ခံပြားအတွက် မဟူရာကြောင်ဝင်ကျောက်များနှင့်စီခြယ်စရာကျောက်များ စသည်တို့ဖြစ်ကြ၏။
ထို့ပြင် သင်သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ရမည်။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြစ်ရမည်။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားရမည်။
သူတို့ပြုလုပ်ရမည့်အဝတ်တန်ဆာများကား ရင်ခံပြား၊ ဧဖုဒ်၊ ဝတ်လုံ၊ ရက်လုပ်ထားသောအတွင်းသင်တိုင်း၊ ခေါင်းပေါင်းနှင့် ခါးစည်း တို့ဖြစ်၏။ ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သင့်အစ်ကိုအာရုန်နှင့် သူ့သားများအတွက် သန့်ရှင်းသောအဝတ်တန်ဆာကိုချုပ်လုပ်ရမည်။
ထိုရင်ခံပြားကို နှစ်လွှာလုပ်၏။ ထိုနှစ်လွှာသည် အလျားတစ်ထွာ၊ အနံတစ်ထွာ စတုရန်းပုံဖြစ်၏။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုရင်အုပ်တန်ဆာကဲ့သို့ ဝတ်ဆင်တော်မူ၏။ ခေါင်းပေါ်၌ ကယ်တင်ခြင်းသံခမောက်ကို ဆောင်းတော်မူ၏။ လက်စားချေခြင်းဝတ်ရုံကိုဝတ်ဆင်၍ စိတ်အားထက်သန်ခြင်းဝတ်လုံကို လွှမ်းခြုံတော်မူ၏။
သို့ဖြစ်၍ သမ္မာတရားဖြင့် သင်တို့ခါးကိုစည်းလျက် ဖြောင့်မတ်ခြင်းရင်အုပ်တန်ဆာကို ဝတ်ဆင်ကာ