ရွှေကွင်းလေးကွင်းကိုသွန်းလုပ်၍ သေတ္တာ၏ခြေလေးချောင်းဘေးတစ်ဖက်၌နှစ်ကွင်း၊ အခြားဘေးတစ်ဖက်၌နှစ်ကွင်း တပ်ရမည်။
ထွက်မြောက် 39:16 - မြန်မာ့စံမီသမ္မာကျမ်း ရွှေကျောက်မျက်အိုးနှစ်ခုနှင့် ရွှေကွင်းနှစ်ကွင်းကိုလည်းလုပ်၍ ထိုကွင်းနှစ်ကွင်းကို ရင်ခံပြားအစွန်းနှစ်ဖက်၌ တပ်၏။ Common Language Bible ရွှေပန်းထည်နှစ်ခုနှင့်ရွှေကွင်းနှစ်ကွင်းကို လုပ်၍၊ ရွှေကွင်းနှစ်ကွင်းကိုရင်ဖုံးအထက် ထောင့်များတွင်တပ်ဆင်ကြ၏။- |
ရွှေကွင်းလေးကွင်းကိုသွန်းလုပ်၍ သေတ္တာ၏ခြေလေးချောင်းဘေးတစ်ဖက်၌နှစ်ကွင်း၊ အခြားဘေးတစ်ဖက်၌နှစ်ကွင်း တပ်ရမည်။
အစ္စရေး၏သားတို့အမည်များကို ကမ္ပည်းတံဆိပ်အဖြစ် ထိုကျောက်နှစ်လုံးအပေါ်၌ ကျောက်ဆစ်အတတ်ပညာဖြင့် ကမ္ပည်းထိုး၍ ရွှေကျောက်မျက်အိုး၌ ထည့်ထားရမည်။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ရင်ခံပြားအတွက် ကျစ်ဆံမြီးပုံစံကြိုးကို ရွှေစင်ဖြင့် သွန်းလုပ်၏။
ရွှေကြိုးနှစ်ချောင်းကို ရင်ခံပြားအစွန်းတို့၌ရှိသော ကွင်းနှစ်ကွင်းတွင်တပ်ပြီး