ထွက်မြောက် 38:7 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပလ္လင်ကိုထမ်းရန် ယဇ်ပလ္လင်၏ဘေးတစ်ဖက်တစ်ချက်၌ရှိသောကွင်းများထဲသို့ ထမ်းပိုးတို့ကိုလျှိုသွင်းထား၏။ ယဇ်ပလ္လင်ကို ပျဉ်ပြားများဖြင့် အခေါင်းပေါက်ဖြစ်အောင်လုပ်၏။ Common Language Bible ထမ်းပိုးများကိုပလ္လင်နံဘေးနှစ်ဘက်ရှိ ကွင်းများတွင်လျှိုထား၏။ ပလ္လင်ကိုဟင်း လင်းဖြစ်စေရန်၊ ပျဉ်ဖြင့်စပ်လုပ်၏။ Garrad Bible ပ လ္လင် တော် ကို ထမ်း ရန် နံ ဘေး နှစ် ချက် ရှိ ကွင်း များ၌ လျှို ထား လေ ၏။ အ ခေါင်း ပါ သော ထို ပ လ္လင် တော် ကို ပျဉ် နှင့် စပ် လုပ် လေ ၏။ Judson Bible ယဇ်ပလ္လင်ကိုထမ်းစရာဖို့ တစ်ဖက်တစ်ချက်ကွင်းများ၌ လျှိုထားလေ၏။ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်လေ၏။ |
ကြေးနီအင်တုံနှင့်ကြေးနီခြေတိုင်ကို တွေ့ဆုံစည်းဝေးရာတဲတော်၏အဝင်ဝ၌အစေခံသော အမျိုးသမီးတို့၏ကြေးမုံဖြင့် လုပ်ထား၏။
သို့သော် သခင်ဘုရားက“သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
သို့သော် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ ခေါ်ယူတော်မူခြင်းခံရသောသူတို့အတွက် ခရစ်တော်သည် ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုရားသခင်၏ဉာဏ်ပညာတော်ဖြစ်၏။
အကြောင်းမူကား ငါသည် သင်တို့တွင် ယေရှုခရစ်တော်တည်းဟူသော လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသည့် ထိုသခင်၏အကြောင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မသိမမှတ်ရန် ဆုံးဖြတ်ထား၏။