ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် ဘောင်အခုနှစ်ဆယ်အတွက် အောက်ခံငွေအစွပ် အခုလေးဆယ်လုပ်ရမည်။
ထွက်မြောက် 38:27 - မြန်မာ့စံမီသမ္မာကျမ်း ငွေတာလန်တစ်ရာဖြင့် သန့်ရှင်းရာဌာနအတွက် အောက်ခံအစွပ်များနှင့် ကန့်လန့်ကာအတွက် အောက်ခံအစွပ်များကို သွန်းလုပ်၏။ အောက်ခံအစွပ်တစ်ခုလျှင် တစ်တာလန်၊ အောက်ခံအစွပ်တစ်ရာအတွက် တာလန်တစ်ရာဖြစ်၏။ Common Language Bible အောက်ခံတစ်ခုလျှင်ငွေချိန်ခုနစ်ဆယ့်ငါး ပေါင်ကျဖြင့် တဲတော်နှင့်ကန့်လန့်ကာအောက် ခံတစ်ရာအတွက်ငွေချိန်ခုနစ်ထောင့်ငါး ရာပေါင်ကိုအသုံးပြုသည်။- Garrad Bible အောက် ခံ ခုံ တစ် ခု၌ ငွေ ချိန် အ ခွက် သုံး ဆယ် စီ ဝင် သည် ဖြစ်၍ သန့် ရှင်း ရာ ဌာ န တော်၊ ကန့် လန့် ကာ တော်၏ အောက် ခံ ခုံ တစ် ရာ ကို ငွေ ချိန် အ ခွက် သုံး ထောင် နှင့် သွန်း လုပ် လေ၏။ Judson Bible ခြေစွပ်တစ်ခု၌ ငွေအခွက်တစ်ဆယ်စီဝင်သည်ဖြစ်၍၊ ငွေအခွက်တစ်ထောင်နှင့် တဲတော်ခြေစွပ်၊ အတွင်းကုလားကာခြေစွပ်တည်းဟူသော ခြေစွပ်တစ်ရာကို သွန်းလေ၏။ |
ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် ဘောင်အခုနှစ်ဆယ်အတွက် အောက်ခံငွေအစွပ် အခုလေးဆယ်လုပ်ရမည်။
ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် အောက်ခံငွေအစွပ်လေးဆယ်လုပ်ရမည်။
ထို့ကြောင့် ဘောင်ရှစ်ခုရှိမည်။ ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် ထိုဘောင်တို့အတွက် အောက်ခံငွေအစွပ် တစ်ဆယ့်ခြောက်ခုလုပ်ရမည်။
အောက်ခံငွေအစွပ်လေးခုစွပ်ထား၍ ရွှေချိတ်များပါရှိသည့် ရွှေဖြင့်မွမ်းမံထားသော အကေရှားသစ်သားတိုင်လေးတိုင်တွင် ထိုကန့်လန့်ကာကို ချိတ်ဆွဲထားရမည်။
အသက်နှစ်ဆယ်နှင့်အထက် ရေတွက်သောစာရင်းထဲတွင် ပါဝင်သူအပေါင်းတို့မှာ ခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ရှိ၍ တစ်ယောက်လျှင် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းအရ ရှယ်ကယ်တစ်ဝက်ဖြစ်သော တစ်ဗေကာကို ပေးဆောင်ကြ၏။
ကျန်ငွေတစ်ထောင့်ခုနစ်ရာခုနစ်ဆယ့်ငါးရှယ်ကယ်ဖြင့် တိုင်၏ချိတ်နှင့် တိုင်ထိပ်အစွပ်တို့ကိုလုပ်၍ တိုင်ထိပ်ကိုမွမ်းမံ၏။