ထွက်မြောက် 38:22 - မြန်မာ့စံမီသမ္မာကျမ်း မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသောအရာအားလုံးကို ယုဒအမျိုးအနွယ်မှ ဟုရ၏မြေး၊ ဥရိ၏သားဗေဇလေလသည် လုပ်၏။ Common Language Bible ယုဒအနွယ်ဟုရ၏မိသားစုမှဥရိ၏သား ဗေဇလေလသည် ထာဝရဘုရားကမောရှေ အားမိန့်မှာတော်မူသမျှတို့ကိုတာဝန်ယူ ဆောင်ရွက်လေ၏။- Garrad Bible မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ ကို ယု ဒ အ နွယ်၊ ဟု ရ မြေး၊ ဥ ရိ သား၊ ဗေ ဇ လေ လ သည် လုပ် ဆောင် ရာ၊ Judson Bible မောရှေအား ထာဝရဘုရား မှာထားတော်မူသမျှတို့ကို၊ ယုဒအမျိုးသားဟုရ၏သားဖြစ်သော၊ ဥရိ၏သားဗေဇလေလသည် လုပ်လေ၏။ |
ထိုအခါ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်အလုံးစုံတို့ကို ကြည့်ရှုဆင်ခြင်သဖြင့် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
တစ်ဖန် မောရှေက အစ္စရေးအမျိုးသားတို့အား “ကြည့်လော့။ ထာဝရဘုရားသည် ယုဒအမျိုးအနွယ်မှ ဟုရ၏မြေး၊ ဥရိ၏သားဗေဇလေလကို အမည်နှင့်တကွခေါ်တော်မူ၏။
မောရှေပြောသည့်အတိုင်း သက်သေခံတော်မူချက်ထားရှိသောကိန်းဝပ်တော်မူရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အတွက် ပြုစုထားသောပစ္စည်းစာရင်းကား ဤသို့တည်း။ ထိုစာရင်းကို ယဇ်ပုရောဟိတ်အာရုန်၏သားဣသမာဦးဆောင်၍ လေဝိအမျိုးတို့က ပြုစုကြ၏။
သို့သော် ထာဝရဘုရားက ငါ့အား “ ‘အကျွန်ုပ်သည် သူငယ်သာဖြစ်ပါသည်’ဟု မဆိုနှင့်။ သင့်ကိုငါစေလွှတ်သော လူအပေါင်းတို့ထံသို့ သင်သွားရမည်။ ငါမိန့်မှာသောစကားအလုံးစုံတို့ကို သင်ပြောကြားရမည်။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။