အလုပ်လုပ်သောသူတို့သည် အလုပ်ကိုကြိုးစား၍လုပ်ဆောင်ကြ၏။ သူတို့လုပ်ဆောင်သောအိမ်တော်ပြုပြင်ခြင်းအမှုသည်လည်း အထမြောက်၍ ဘုရားသခင်၏အိမ်တော်ကို ယခင်ပုံစံအတိုင်း ခိုင်ခံ့အောင်ပြုပြင်ကြ၏။
ထွက်မြောက် 36:4 - မြန်မာ့စံမီသမ္မာကျမ်း သန့်ရှင်းရာဌာနနှင့်ဆိုင်သောအလုပ်အမျိုးမျိုးကို လုပ်ဆောင်နေသောလက်မှုပညာသည်အပေါင်းတို့သည် ကိုယ်အလုပ်လုပ်နေသည့်လုပ်ငန်းခွင်အသီးသီးမှ မောရှေထံသို့လာ၍ Common Language Bible ထိုအခါတဲတော်ကိုဆောက်လုပ်နေကြသော အတတ်ပညာရှင်တို့သည်မောရှေထံသို့ လာ၍၊- Garrad Bible သန့် ရှင်း ရာ ဌာ န တော်၏ အ မှု အ ရေး ရှိ သ မျှ လုပ် ဆောင် သော ပ ညာ ရှိ အ ပေါင်း တို့ သည်၊ Judson Bible ထိုအခါ သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော ပညာရှိအပေါင်းတို့သည်၊ အသီးအသီးမိမိလုပ်ရာမှ၊ |
အလုပ်လုပ်သောသူတို့သည် အလုပ်ကိုကြိုးစား၍လုပ်ဆောင်ကြ၏။ သူတို့လုပ်ဆောင်သောအိမ်တော်ပြုပြင်ခြင်းအမှုသည်လည်း အထမြောက်၍ ဘုရားသခင်၏အိမ်တော်ကို ယခင်ပုံစံအတိုင်း ခိုင်ခံ့အောင်ပြုပြင်ကြ၏။
သူတို့သည် သန့်ရှင်းရာဌာနကိုတည်ဆောက်ခြင်းလုပ်ငန်းအတွက် အစ္စရေးအမျိုးသားတို့ယူဆောင်လာသောအလှူပစ္စည်းအားလုံးကို မောရှေထံမှ လက်ခံယူကြ၏။ အစ္စရေးအမျိုးသားတို့သည်လည်း မောရှေထံသို့ စေတနာအလျောက်လှူသောအလှူပစ္စည်းတို့ကို ဆက်လက်၍ နံနက်တိုင်းယူဆောင်လာကြ၏။
“လူတို့ယူဆောင်လာသောအလှူပစ္စည်းတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အလုပ်ကိုလုပ်ဆောင်ရန်အတွက် လိုအပ်သည်ထက် ပိုနေပါသည်”ဟု ပြောကြားကြ၏။
မိမိ၏အိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာကိုစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးကား မည်သူနည်း။
သခင်ဘုရားကလည်း“မိမိအိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာများစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးခေါင်းဆောင်ကား မည်သူနည်း။
ငါ့အား ဘုရားသခင်ပေးအပ်တော်မူသော ကျေးဇူးတော်နှင့်အညီ ပညာရှိသောဗိသုကာကဲ့သို့ ငါသည် အုတ်မြစ်ကိုချထားခဲ့ပြီး အခြားသောသူသည် ၎င်းအပေါ်တွင်တည်ဆောက်၏။ သို့သော် မည်ကဲ့သို့တည်ဆောက်သည်ကို လူတိုင်းသတိပြုရမည်။