၂ ရာချုပ် 24:13 - မြန်မာ့စံမီသမ္မာကျမ်း13 အလုပ်လုပ်သောသူတို့သည် အလုပ်ကိုကြိုးစား၍လုပ်ဆောင်ကြ၏။ သူတို့လုပ်ဆောင်သောအိမ်တော်ပြုပြင်ခြင်းအမှုသည်လည်း အထမြောက်၍ ဘုရားသခင်၏အိမ်တော်ကို ယခင်ပုံစံအတိုင်း ခိုင်ခံ့အောင်ပြုပြင်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ထိုအလုပ်သမားအားလုံးပင်အလုပ်ကို ကြိုးစားလုပ်ကိုင်လျက် ဗိမာန်တော်ကိုနဂို အတိုင်းခိုင်ခိုင်ခံ့ခံ့ပြန်လည်ရောက်ရှိစေ ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 ထို သူ တို့ လုပ် ဆောင် လျက်၊ ဘု ရား သ ခင် ဗိ မာန် တော် ကို၊ မူ လ အ တိုင်း ခိုင် ခံ့ စွာ ပြု ပြင် ထေး ဖာ၍ ပြီး စီး ကြ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible13 အလုပ်လုပ်သော သူတို့သည် ကြိုးစား၍ ပြုပြင်သဖြင့်၊ ဗိမာန်တော်ကို ပကတိအဖြစ်၌ ခိုင်ခံ့စေကြ၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းကြီးက “ငါ့သားတော်ရှောလမုန်သည် အသက်ငယ်သေး၍ အတွေ့အကြုံနည်းလှ၏။ ထာဝရဘုရားအဖို့ တည်ဆောက်ရမည့်အိမ်တော်သည် အတိုင်းတိုင်းအပြည်ပြည်တွင် နာမည်ကျော်ကြား၍ ဂုဏ်ကျက်သရေတင့်တယ်နေရမည်။ ထို့ကြောင့် ယခုပင် ငါကြိုတင်ပြင်ဆင်ထားပေးမည်”ဟု မိန့်ဆို၍ အနိစ္စမရောက်မီ များစွာပြင်ဆင်ထားပေးခဲ့၏။
ရှင်ဘုရင်နှင့်ယောယဒသည် ထိုငွေတို့ကို ထာဝရဘုရား၏အိမ်တော်အမှုကိုဆောင်ရွက်သူတို့လက်သို့အပ်၏။ သူတို့က ထာဝရဘုရား၏အိမ်တော်ကို ပြုပြင်ရန်အတွက် ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငှား၏။ ထို့အတူ ထာဝရဘုရား၏အိမ်တော်ကို ပြုပြင်ရန်အတွက် သံ၊ ကြေးနီတို့ကိုသွန်းလုပ်တတ်သောပန်းပဲသမားတို့ကို ငှား၏။
အိမ်တော်ပြုပြင်ခြင်းအမှုပြီးစီးသောအခါ ကျန်ရှိသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံ ယူဆောင်လာကြ၏။ ထိုငွေဖြင့် ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်များ၊ အမှုတော်နှင့် မီးရှို့ရာယဇ်ပူဇော်ခြင်းအတွက် လိုအပ်သောအသုံးအဆောင်များ၊ ခွက်များ၊ ရွှေထည်ငွေထည်အသုံးအဆောင်များကို ပြုလုပ်၏။ ယောယဒလက်ထက်တစ်လျှောက်လုံး ထာဝရဘုရား၏အိမ်တော်တွင် မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။