ထွက်မြောက် 36:36 - မြန်မာ့စံမီသမ္မာကျမ်း ကန့်လန့်ကာအတွက် အကေရှားသစ်သားတိုင်လေးတိုင်ကိုလုပ်၍ ရွှေဖြင့်မွမ်းမံ၏။ ထိုတိုင်တို့၌ ရွှေချိတ်များပါရှိ၏။ ထိုတိုင်တို့အတွက် အောက်ခံငွေအစွပ်လေးခုကို သွန်းလုပ်၏။ Common Language Bible ကန့်လန့်ကာကိုထိန်းထားရန်၊ ရွှေချိတ်များ တပ်ဆင်ထားသော တိုင်လေးတိုင်ကို၊ အကာရှ သစ်သားဖြင့်ပြုလုပ်ကြ၏။ တိုင်များကိုရွှေ ချ၍၊ တိုင်များကိုစိုက်ထူရန်၊ အောက်ခံငွေ ခြေစွပ်ခုံလေးခုကိုပြုလုပ်ကြ၏။- Garrad Bible ထို ကန့် လန့် ကာ အ ဖို့ ရွှေ မွမ်း ပြီး ရှား တိုင် လေး လုံး ကို ရွှေ မှို နှင့် တ ကွ လုပ် လေ၏။ ငွေ အောက် ခံ ခုံ လေး ခု ကို လည်း သွန်း လုပ် လေ ၏။ Judson Bible ထိုကုလားကာဖို့ ရွှေချသောအကာရှသားတိုင် လေးတိုင်ကိုလည်းကောင်း လုပ်လေ၏။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်ပြည့်စုံ၍၊ ငွေခြေစွပ်လေးခုကိုလည်း သွန်းလေ၏။ |
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်ကို လက်ရာမြောက်စွာပုံဖော်ထားသော ကန့်လန့်ကာကို လုပ်ရမည်။
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်ကို လက်ရာမြောက်စွာပုံဖော်ထားသော ကန့်လန့်ကာကိုလုပ်၏။
တဲတော်အဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကို လုပ်၏။
ကြည့်ရှုလော့။ ယုဒဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပြည်သူပြည်သားများမှစ၍ ပြည်တစ်ပြည်လုံးကို ဆန့်ကျင်နိုင်ရန် ယနေ့ ငါသည် သင့်ကို ခိုင်ခံ့သောမြို့၊ သံတိုင်၊ ကြေးနီမြို့ရိုးကဲ့သို့ ဖြစ်စေပြီ။