အကျွန်ုပ်သည် အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့ကို ထာဝရဘုရား၏မြို့တော်မှ ပယ်ဖျက်မည့်အကြောင်း ဆိုးယုတ်သောပြည်သားအပေါင်းတို့ကို နံနက်တိုင်း ဖယ်ရှားသုတ်သင်ပါမည်။
ထွက်မြောက် 36:3 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် သန့်ရှင်းရာဌာနကိုတည်ဆောက်ခြင်းလုပ်ငန်းအတွက် အစ္စရေးအမျိုးသားတို့ယူဆောင်လာသောအလှူပစ္စည်းအားလုံးကို မောရှေထံမှ လက်ခံယူကြ၏။ အစ္စရေးအမျိုးသားတို့သည်လည်း မောရှေထံသို့ စေတနာအလျောက်လှူသောအလှူပစ္စည်းတို့ကို ဆက်လက်၍ နံနက်တိုင်းယူဆောင်လာကြ၏။ Common Language Bible သူတို့သည်တဲတော်ကိုဆောက်လုပ်ရန်၊ ဣသ ရေလအမျိုးသားတို့ယူဆောင်ခဲ့သောလှူ ဖွယ်ပစ္စည်းရှိသမျှကို၊ မောရှေထံမှလက်ခံ ရရှိကြ၏။ နံနက်တိုင်းဣသရေလအမျိုး သားတို့သည်၊ မိမိတို့၏လှူဖွယ်ပစ္စည်းများ ကို၊ မောရှေထံသို့ဆက်လက်၍ယူဆောင် လာကြသေး၏။- Garrad Bible သန့် ရှင်း ရာ ဌာ န တော်၏ ဝေ ယျာ ဝ စ္စ ဆောင် ရွက် စေ ရန် ဣ သ ရေ လ အ မျိုး သား တို့ ဆောင် သွင်း ခဲ့ သော မြှောက် ဆက် ရာ အ လှူ ဝ တ္ထု ရှိ သ မျှ ကို မော ရှေ ထံ မှ ခံ ရ ကြ၏။ အ လှူ ဝ တ္ထု ကို စေ တ နာ အ လျောက် နံ နက် တိုင်း ဆောင် သွင်း ကြ သေး သည့် အ တွက်၊ Judson Bible သန့်ရှင်းရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကိုလုပ်ကိုင်စေခြင်းငှာ၊ ဣသရေလအမျိုးသားတို့ဆောင်ခဲ့သောအလှူရှိသမျှကို ထိုသူတို့သည် မောရှေလက်မှခံကြ၏။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူကို နံနက်တိုင်းထပ်၍ ဆောင်ခဲ့ကြသေး၏။ |
အကျွန်ုပ်သည် အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့ကို ထာဝရဘုရား၏မြို့တော်မှ ပယ်ဖျက်မည့်အကြောင်း ဆိုးယုတ်သောပြည်သားအပေါင်းတို့ကို နံနက်တိုင်း ဖယ်ရှားသုတ်သင်ပါမည်။
အို ထာဝရဘုရား၊ နံနက်အချိန်၌ အကျွန်ုပ်၏အသံကို ကိုယ်တော်ကြားတော်မူပါ၏။ နံနက်အချိန်၌ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်တွင် တိုးလျှိုးအသနားခံ၍ စောင့်လျက်နေပါမည်။
ခေါင်းဆောင်ဖြစ်သောသူတို့သည်လည်း ဧဖုဒ်နှင့်ရင်ခံပြားအတွက် မဟူရာကြောင်ဝင်ကျောက်များနှင့်စီခြယ်စရာကျောက်များကိုလည်းကောင်း၊
မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသော လုပ်ဆောင်ရမည့်အလုပ်အမျိုးမျိုးအတွက် စိတ်စေတနာရှိသော အစ္စရေးအမျိုးသားယောက်ျားမိန်းမအပေါင်းတို့သည် ထာဝရဘုရားထံ စေတနာအလျောက်လှူသောအလှူပစ္စည်းကို ယူဆောင်လာကြ၏။
မောရှေသည် ဗေဇလေလနှင့် အဟောလျဘကိုလည်းကောင်း၊ ထာဝရဘုရားထံမှ ဉာဏ်ပညာရရှိသော လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ကိုလည်းကောင်း၊ အလုပ်လာလုပ်ရန်စိတ်အားထက်သန်သောသူအပေါင်းတို့ကိုလည်းကောင်း ခေါ်လေ၏။
သန့်ရှင်းရာဌာနနှင့်ဆိုင်သောအလုပ်အမျိုးမျိုးကို လုပ်ဆောင်နေသောလက်မှုပညာသည်အပေါင်းတို့သည် ကိုယ်အလုပ်လုပ်နေသည့်လုပ်ငန်းခွင်အသီးသီးမှ မောရှေထံသို့လာ၍
ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရ၍ အုပ်ချုပ်သူတို့သည် ဖြောင့်မတ်သောလမ်းစဉ်ကို ပြဋ္ဌာန်းနိုင်ကြ၏။
မောပန်းသောသူအမောပြေစေရန် မည်သို့ပြောဆိုရမည်ကို သိရှိဖို့ ဘုရားရှင်ထာဝရဘုရားသည် ငါ့အား နှုတ်မှုပညာကိုသွန်သင်ပေးတော်မူ၏။ နံနက်တိုင်း ငါ့ကိုနှိုးဆော်တော်မူ၏။ စာသင်သားကဲ့သို့ နားထောင်ဖို့ ငါ့ကိုနှိုးဆော်တော်မူ၏။
ထာဝရဘုရားက “အို ဒါဝိဒ်အမျိုးအနွယ်တို့၊ နံနက်တိုင်း တရားသဖြင့်စစ်ကြောစီရင်ကြလော့။ နှိပ်စက်ခံရသူကို နှိပ်စက်သောသူ၏လက်မှ ကယ်နုတ်လော့။ သို့မဟုတ်လျှင် သင်တို့၏ဆိုးညစ်သောလုပ်ရပ်ကြောင့် ငါ့အမျက်သည် မည်သူမျှမငြှိမ်းနိုင်အောင် မီးကဲ့သို့တောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
တဆေးပါသောမုန့်ကို ကျေးဇူးတော်ချီးမွမ်းရာယဇ်အနေနှင့် ပူဇော်ကြ။ စေတနာအလျောက်ပူဇော်သက္ကာကိုလည်း လူတကာသိအောင်ကြွေးကြော်လှူဒါန်းကြ။ အို အစ္စရေးအမျိုးသားတို့၊ သင်တို့ ဤသို့ပြုရသည်ကို နှစ်သက်ကြ၏”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။