ကျောက်မျက်ရတနာရှိသူများက ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်ကို တာဝန်ယူရသူ ဂေရရှုန်အမျိုး ယေဟေလလက်သို့ ပေးအပ်ကြ၏။
ထွက်မြောက် 35:23 - မြန်မာ့စံမီသမ္မာကျမ်း အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်၊ ပိတ်ချောထည်၊ ဆိတ်မွေး၊ အနီရောင်ဆိုးထားသောသိုးထီးသားရေနှင့် တဟာရှသားရေတို့ရှိသောသူတိုင်း ၎င်းတို့ကိုယူဆောင်လာကြ၏။ Common Language Bible အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချော၊ ဆိတ်မွေးထည်၊ အနီဆိုးသိုးထီးသား ရေ၊ သားရေချောပိုင်ရှင်အပေါင်းတို့သည်၊ ထို ပစ္စည်းများကိုယူဆောင်လာကြ၏။- Garrad Bible အ ပြာ အ မောင်း အ နီ ချည်၊ လျှော် ချည်၊ ဆိတ် မွေး၊ အ နီ ဆိုး သော သိုး ရေ၊ ဖျံ ရေ များ ကို ပိုင် သော သူ တိုင်း ဆက် ကပ် ၏။ Judson Bible ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး၊ အနီဆိုးသောသိုးရေ၊ တဟာရှသားရေရှိသောသူတိုင်း ဆောင်ခဲ့၏။ |
ကျောက်မျက်ရတနာရှိသူများက ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်ကို တာဝန်ယူရသူ ဂေရရှုန်အမျိုး ယေဟေလလက်သို့ ပေးအပ်ကြ၏။
စေတနာစိတ်ရှိသော ယောက်ျားမိန်းမအပေါင်းတို့သည် ရင်ထိုး၊ နားကွင်း၊ လက်စွပ်၊ ဆွဲကြိုး စသည့်ရွှေတန်ဆာအမျိုးမျိုးတို့ကိုယူဆောင်လာကြ၏။ လူတိုင်း ထာဝရဘုရားထံ ချီလွှဲရာပူဇော်သက္ကာအဖြစ် ရွှေကို ချီလွှဲကြ၏။
ငွေနှင့်ကြေးနီဟူသောအလှူပစ္စည်းတို့ကို ပေးလှူပူဇော်နိုင်သောသူအပေါင်းတို့သည် ထိုအလှူပစ္စည်းတို့ကို ထာဝရဘုရားထံ ယူဆောင်လာကြ၏။ အကေရှားသစ်သားရှိသောသူအပေါင်းတို့သည်လည်း ဆောင်ရွက်စရာအလုပ်အမျိုးမျိုးတို့အတွက် ယူဆောင်လာကြ၏။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သန့်ရှင်းရာတဲတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်ဖို့ ရက်ထည်ဝတ်ရုံကို အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်၏။ အာရုန်အတွက် သန့်ရှင်းသောအဝတ်တန်ဆာကိုလည်း ရက်လုပ်၏။