သူတို့သည် တတိယနေ့၌ အဆင်သင့်ရှိနေရမည်။ အကြောင်းမူကား တတိယနေ့၌ ထာဝရဘုရားသည် လူအပေါင်းတို့၏မျက်မှောက်၊ သိနာတောင်ပေါ်သို့ ကြွဆင်းတော်မူမည်။
ထွက်မြောက် 34:2 - မြန်မာ့စံမီသမ္မာကျမ်း နံနက်စောစော အဆင်သင့်ပြင်၍ သိနာတောင်ပေါ်သို့ တက်လာလော့။ ထိုတောင်ထိပ်တွင် ငါ့ကိုလာဖူးမြင်လော့။ Common Language Bible နက်ဖြန်နံနက်တွင်ငါနှင့်တွေ့ဆုံရန် သိနာတောင်ထိပ်ပေါ်သို့တက်လာလော့။- Garrad Bible နံ နက် အ ချိန် အ သင့် နေ လျက် သိ နာ တောင် ပေါ် သို့ တက်၍ တောင် ထိပ်၌ ရှေ့ တော် တွင် ခ စား လော့။ Judson Bible နက်ဖြန်နံနက် သင်သည်အသင့်နေလျက်၊ သိနာတောင်ပေါ်သို့တက်၍ တောင်ထိပ်၌ ငါ့ရှေ့မှာကိုယ်ကိုပြလော့။ |
သူတို့သည် တတိယနေ့၌ အဆင်သင့်ရှိနေရမည်။ အကြောင်းမူကား တတိယနေ့၌ ထာဝရဘုရားသည် လူအပေါင်းတို့၏မျက်မှောက်၊ သိနာတောင်ပေါ်သို့ ကြွဆင်းတော်မူမည်။
ထာဝရဘုရားသည် သိနာတောင်ပေါ်သို့ မီးဖြင့်ကြွဆင်းတော်မူသောကြောင့် တစ်တောင်လုံးမီးခိုးထွက်လေ၏။ မီးခိုးသည် မီးပြင်းဖို၏မီးခိုးကဲ့သို့တက်၏။ တောင်တစ်တောင်လုံးသည်လည်း ပြင်းထန်စွာတုန်လှုပ်လေ၏။
ထာဝရဘုရားသည် သိနာတောင်ထိပ်သို့ ကြွဆင်းတော်မူပြီး မောရှေအား တောင်ထိပ်သို့တက်ရန် ခေါ်တော်မူသဖြင့် မောရှေသည် တက်သွားလေ၏။
ထာဝရဘုရားကလည်း “သွားလော့။ ဆင်းသွားလော့။ သင်သည် အာရုန်ကို သင်နှင့်အတူတက်လာစေရမည်။ သို့သော် ယဇ်ပုရောဟိတ်များနှင့်လူတို့ကို စည်းကျော်ဝင်၍ ငါထာဝရဘုရားထံသို့မတက်လာစေနှင့်။ တက်လာလျှင် သူတို့ကို ဒဏ်ခတ်တော်မူမည်”ဟု မိန့်တော်မူ၏။
ထို့နောက် ထာဝရဘုရားက မောရှေအား “ငါရှိရာ တောင်ပေါ်သို့တက်လာ၍ ထိုနေရာ၌နေလော့။ လူတို့ကို သွန်သင်ရန် ငါအက္ခရာတင်ထားသည့် တရားတော်၊ ပညတ်တော်ပါရှိသောကျောက်ပြားတို့ကို သင့်အား ငါပေးမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူသောကြောင့် ငါသည် ထာဝရဘုရားရှေ့တော်၌ အရက်လေးဆယ်ပတ်လုံး ပျပ်ဝပ်လျက်နေ၏။