ထိုနေရာရှိလိုဏ်ဂူတစ်ခုထဲသို့ဝင်၍ ညအိပ်၏။ ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ရောက်လာ၍ “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မိန့်ဆို၏။
ထွက်မြောက် 33:21 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ထာဝရဘုရားက “ငါ့အနီး၌ရှိသောနေရာ၊ ကျောက်ဆောင်ပေါ်တွင် သင်ရပ်ရမည်။ Common Language Bible သို့ရာတွင်ငါ့အနားတွင်ရှိသောကျောက် ဆောင်ပေါ်၌ရပ်နေလော့။- Garrad Bible ထာ ဝ ရ ဘု ရား က လည်း၊ အ ပါး တော် တွင် ရှိ သော နေ ရာ ကျောက် ပေါ် တွင် ရပ် နေ ရ မည်။ Judson Bible ငါ့အနားမှာနေရာတစ်ခုရှိ၏။ သင်သည်ကျောက်ပေါ်မှာရပ်ရမည်။ |
ထိုနေရာရှိလိုဏ်ဂူတစ်ခုထဲသို့ဝင်၍ ညအိပ်၏။ ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ရောက်လာ၍ “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မိန့်ဆို၏။
ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချိုနှင့် ငါခိုကိုးရာဖြစ်တော်မူ၏။
ထာဝရဘုရားသည် အသက်ရှင်တော်မူ၏။ သို့ဖြစ်၍ ငါ၏ကျောက်ဆောင်ကို ကောင်းချီးထောမနာပြုကြလော့။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကို ချီးမြှောက်ကြလော့။
အကြောင်းမူကား ဒုက္ခရောက်သောနေ့၌ ကိုယ်တော်သည် မိမိ၏ကိန်းအောင်းရာအရပ်၌ ငါ့ကိုဝှက်ထားတော်မူလိမ့်မည်။ ကိုယ်တော်၏တဲတော်၌ရှိသည့် ကွယ်ကာရာအရပ်၌ ငါ့ကိုဖုံးကွယ်ထား၍ ကျောက်ဆောင်ပေါ်၌ ငါ့ကိုဆွဲတင်တော်မူလိမ့်မည်။
အကျွန်ုပ်သည် စိတ်နှလုံးညှိုးငယ်သောအခါ ကိုယ်တော်ကို ကမ္ဘာမြေကြီးအစွန်းမှ ခေါ်ပါ၏။ အကျွန်ုပ်ထက်မြင့်မားသောကျောက်ဆောင်ပေါ်သို့ အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ။
ဘုရားသခင်ထံတော်၌ ငါ၏ကယ်တင်ခြင်းနှင့် ငါ၏ဘုန်းအသရေရှိ၏။ ဘုရားသခင်သည် ငါ၏ခိုင်ခံ့သောကျောက်ဆောင်၊ ငါ၏ခိုလှုံရာဖြစ်တော်မူ၏။
သားသမီးတို့ထက်ပို၍မြတ်သော အမှတ်ရစရာနှင့်နာမည်ကို ငါ့အိမ်တော်အတွင်း၊ ငါ့တံတိုင်းတော်အတွင်း၌ ငါပေးမည်။ ပယ်ဖျက်၍မရသောထာဝရအမည်နာမကို သူတို့အား ငါပေးမည်။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ ‘သင်သည် ငါ့လမ်းစဉ်များအတိုင်း လိုက်လျှောက်ပြီး ငါညွှန်ကြားသည့်အတိုင်း လိုက်နာမည်ဆိုလျှင် ငါ့အိမ်တော်တွင် တာဝန်ထမ်းရသောအခွင့်၊ ငါ့ဝင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရသောအခွင့်ကို ပေးမည်။ ရပ်နေသော ဤသူတို့နှင့်အတူ ဝင်ထွက်သွားလာရသောအခွင့်ကိုလည်း သင့်အား ငါပေးမည်။
အခွန်ကောက်ခံသူတို့နှင့် အပြစ်သားအပေါင်းတို့သည် ကိုယ်တော်၏တရားတော်ကိုနားထောင်ရန် အထံတော်သို့ချဉ်းကပ်လာကြ၏။
သင်မူကား ငါ့ထံပါး ဤနေရာ၌ရပ်နေလော့။ သူတို့အား ငါအပိုင်ပေးမည့်ပြည်၌ သူတို့လိုက်နာရန် သူတို့အား သင်ကြားပေးရမည့် ပညတ်တော်အလုံးစုံ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို သင့်အား ငါမိန့်ဆိုမည်’ဟု ငါ့အား မိန့်တော်မူ၏။
လူသတ်သမားသည် ထိုမြို့များထဲမှ တစ်မြို့မြို့သို့ ပြေးသွားသောအခါ မြို့တံခါးအဝင်ဝ၌ရပ်၍ ထိုမြို့၏သက်ကြီးဝါကြီးတို့အား မိမိအမှုကိစ္စများကို ပြောပြရမည်။ အကြီးအကဲတို့သည် လူသတ်သမားကို မြို့ထဲသို့ခေါ်သွား၍ နေရာချပေးရမည်။ သူတို့နှင့်အတူ နေထိုင်စေရမည်။