ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြု၍ ၎င်းကိုသန့်ရှင်းစေရမည်။ ထိုအခါ ယဇ်ပလ္လင်သည် အထူးသန့်ရှင်းခြင်းသို့ရောက်လိမ့်မည်။ ထိုယဇ်ပလ္လင်ကိုထိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။
ထွက်မြောက် 30:37 - မြန်မာ့စံမီသမ္မာကျမ်း ထိုနံ့သာပေါင်းဖော်စပ်နည်းအတိုင်း သင်တို့သုံးဖို့ မဖော်စပ်ရ။ ၎င်းသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောအရာဖြစ်သည်ဟု သင်တို့မှတ်ရမည်။ Common Language Bible သင်တို့ကိုယ်တိုင်သုံးရန်အတွက်၊ ထိုနိဿ ရည်းဖြင့်နံ့သာပေါင်းကိုမဖော်စပ်ရ။ ထို နံ့သာပေါင်းသည်ငါ့အဖို့ဆက်ကပ်ထား သည်ဖြစ်၍၊ သန့်ရှင်းသောနံ့သာပေါင်း အဖြစ်လက်ခံရမည်။- Garrad Bible ထို သို့ ဖော် စပ် သော နံ့ သာ ပေါင်း နိဿ ရည်း အ တိုင်း ကိုယ် သုံး ရန် မ ဖော် မ စပ် ရ။ ငါ ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် သည် ဟု မှတ် ထား လော့။ Judson Bible ထိုသို့သောနံ့သာပေါင်းကို ဖော်သည်နည်းတူ၊ အခြားသောနံ့သာပေါင်းကို ကိုယ်သုံးဖို့မဖော်ရ။ သင်တို့တွင် ထာဝရဘုရားအဖို့သန့်ရှင်းရမည်။ |
ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြု၍ ၎င်းကိုသန့်ရှင်းစေရမည်။ ထိုအခါ ယဇ်ပလ္လင်သည် အထူးသန့်ရှင်းခြင်းသို့ရောက်လိမ့်မည်။ ထိုယဇ်ပလ္လင်ကိုထိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။
ထိုနံ့သာပေါင်းမျိုးကို မိမိရှူရန်အတွက် ဖော်စပ်သောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာသည် အာရုန်နှင့်သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပူဇော်သောယဇ်များထဲမှ အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။