ငါသည် ထိုနေရာ၌ သင်နှင့်တွေ့ဆုံမည်။ သက်သေခံချက်သေတ္တာတော်ပေါ်ရှိ ခေရုဗိမ်နှစ်ပါးအကြား ကရုဏာတော်ပလ္လင်အထက်မှနေ၍ အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုရမည့်စကားအလုံးစုံကို ငါမှာကြားမည်။
ထွက်မြောက် 29:42 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ငါသည် သင်တို့နှင့်တွေ့ဆုံ၍ သင်နှင့်စကားပြောမည်။ ထိုနေရာ၌ ဤမီးရှို့ရာယဇ်ကို သင်တို့မျိုးဆက်အစဉ်အဆက် အစဉ်မပြတ်ပူဇော်ရမည်။ Common Language Bible ငါစံရာတဲတော်တံခါးဝ၌ဤမီးရှို့ရာ ယဇ်ကို၊ ငါ၏ရှေ့တော်တွင်သားစဉ်မြေးဆက် ပူဇော်ရမည်။ ထိုနေရာတွင်ငါသည်ငါ၏ လူမျိုးတော်နှင့်တွေ့ဆုံစကားပြောမည်။- Garrad Bible သင် တို့ အား မိန့် မြွက် ရန် ငါ တွေ့ ဆုံ မည့် ဌာ န၊ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး၊ သင် တို့ အ မျိုး အ စဉ် အ ဆက်၊ ဆက် မြဲ မီး ရှို့ ရာ သ က္ကာ ဖြစ် ၏။ Judson Bible ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် သင်နှင့်ငါတွေ့၍ နှုတ်ဆက်ရာအရပ်၊ ထာဝရဘုရားရှေ့တော်၌၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ အစဉ်မပြတ်မီးရှို့သောယဇ်ကို ပူဇော်ရကြမည်။ |
ငါသည် ထိုနေရာ၌ သင်နှင့်တွေ့ဆုံမည်။ သက်သေခံချက်သေတ္တာတော်ပေါ်ရှိ ခေရုဗိမ်နှစ်ပါးအကြား ကရုဏာတော်ပလ္လင်အထက်မှနေ၍ အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုရမည့်စကားအလုံးစုံကို ငါမှာကြားမည်။
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
နောက်သိုးသငယ်တစ်ကောင်ကို နေဝင်ချိန်၌ ပူဇော်ရမည်။ ၎င်းကို နံနက်အချိန်ဘောဇဉ်ပူဇော်သက္ကာကဲ့သို့လည်းကောင်း၊ သွန်းလောင်းရာပူဇော်သက္ကာကဲ့သို့လည်းကောင်း မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့အဖြစ် ထာဝရဘုရားအား ပူဇော်ရမည်။
ငါသည် ထိုနေရာ၌ အစ္စရေးအမျိုးသားတို့နှင့်တွေ့ဆုံမည်။ ထိုနေရာသည် ငါ၏ဘုန်းအသရေအားဖြင့် သန့်ရှင်းလိမ့်မည်။
အချို့ကိုအမှုန့်ထောင်း၍ သင်နှင့်ငါတွေ့ဆုံမည့်နေရာဖြစ်သော တွေ့ဆုံစည်းဝေးရာတဲတော်အထဲရှိ သက်သေခံချက်ရှေ့၌ထားရမည်။ ထိုနံ့သာပေါင်းသည် သင်တို့အဖို့ အထူးသန့်ရှင်းသောအရာဖြစ်၏။
မောရှေသည် တဲတော်ကို ယူပြီးလျှင် တပ်စခန်းအပြင်ဘက်၊ တပ်စခန်းနှင့်ခပ်ဝေးဝေး၌ တဲတော်ကိုထိုး၍ ၎င်းကို တွေ့ဆုံစည်းဝေးရာတဲတော် ဟုခေါ်ဝေါ်၏။ ထာဝရဘုရားကို ရှာသောသူအပေါင်းတို့သည် တပ်စခန်းအပြင်ဘက်ရှိ တွေ့ဆုံစည်းဝေးရာတဲတော်သို့ သွားကြ၏။
ထိုသူသည် ငါ့အနီး၌ရပ်နေစဉ် အိမ်တော်ထဲမှ ငါ့အားမိန့်တော်မူသံကို ငါကြားရ၏။
မီးရှို့ရာယဇ်အဖြစ် သိုးသငယ်တစ်ကောင်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် ဆီတို့ကိုလည်း နံနက်တိုင်း အစဉ်ပူဇော်ရမည်’ဟု မိန့်တော်မူ၏။
ထိုတောင်ဝှေးတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အထဲရှိသက်သေခံချက်ရှေ့၊ သင်တို့နှင့်ငါတွေ့ဆုံရာနေရာ၌ ထားရမည်။
သွန်းလောင်းရာပူဇော်သက္ကာအတွက် သိုးသငယ်တစ်ကောင်နှင့်အတူ စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ် ထာဝရဘုရားအဖို့ သန့်ရှင်းရာဌာန၌ သွန်းလောင်းရမည်။