အူကိုဖုံးနေသည့်အဆီရှိသမျှကိုလည်းကောင်း၊ အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့်ထိုကျောက်ကပ်နှစ်ခုအပေါ်ရှိအဆီကိုလည်းကောင်း ယူ၍ ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။
ထွက်မြောက် 29:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုသိုးထီးသည် အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီးဖြစ်သောကြောင့် ထိုသိုးထီး၏အဆီနှင့်အမြီးပိုင်းအဆီကိုလည်းကောင်း၊ အူကိုဖုံးနေသည့်အဆီနှင့် အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိအဆီကိုလည်းကောင်း၊ ယာဘက်ပေါင်ကိုလည်းကောင်း ယူရမည်။ Common Language Bible ``သိုး၏အဆီ၊ အဆီရှိသောအမြီး၊ ဝမ်းတွင်း ဆီ၊ အသဲမှအဆီ၊ ကျောက်ကပ်နှစ်လုံးနှင့်ယင်း တို့ကိုဖုံးသောအဆီနှင့်ယာဘက်ပေါင်တို့ ကိုဖြတ်ယူရမည်။- Garrad Bible ထို သိုး သည် ခန့် ထား ခြင်း ဆိုင် ရာ သိုး ဖြစ် သော ကြောင်၊ ဆီ ဥ၊ မြီး ထူး၊ ဝမ်း တွင်း၌ ဖုံး လွှမ်း သော ဆီ ဥ၊ အ သည်း ဆိုင် ရာ အ ညှို့၊ ကျောက် ကပ် တစ် စုံ နှင့် တ ကွ၊ Judson Bible ထိုသိုးသည် အရာ၌ခန့်ထားရာသိုးဖြစ်သောကြောင့်၊ ဆီဥ၊ အမြီး၊ အအူကို ဖုံးသောဆီဥ၊ အသည်းပေါ်၌ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ကိုဖုံးသောဆီဥ၊ လက်ယာပခုံး၊ |
အူကိုဖုံးနေသည့်အဆီရှိသမျှကိုလည်းကောင်း၊ အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့်ထိုကျောက်ကပ်နှစ်ခုအပေါ်ရှိအဆီကိုလည်းကောင်း ယူ၍ ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။
ယဇ်ပလ္လင်ပေါ်ရှိသွေးအချို့နှင့် ဘိသိက်ဆီအချို့ကိုယူ၍ အာရုန်နှင့်သူ၏အဝတ်တန်ဆာပေါ်၌လည်းကောင်း၊ သူ့သားတို့နှင့် သူ့သားတို့၏အဝတ်တန်ဆာပေါ်၌လည်းကောင်း ဖျန်းရမည်။ သို့ပြုလျှင် အာရုန်နှင့်သူ၏အဝတ်တန်ဆာသည်လည်းကောင်း၊ သူ့သားတို့နှင့်သူ့သားတို့၏အဝတ်တန်ဆာသည်လည်းကောင်း သန့်ရှင်းလိမ့်မည်။
ထာဝရဘုရားရှေ့တော်ရှိ တဆေးမဲ့မုန့်တောင်းထဲမှ မုန့်တစ်လုံး၊ ဆီရောသောမုန့်ဝိုင်းတစ်ခုနှင့် မုန့်ကြွပ်တစ်ခုကိုယူရမည်။
ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံ၊ အလှူပစ္စည်းဖြစ်သောပေါင်တို့ကို သင်နှင့် သင့်သားသမီးတို့သည် သန့်ရှင်းသောနေရာ၌ စားကြရမည်။ အကြောင်းမူကား ၎င်းတို့ကို အစ္စရေးအမျိုးသား၏မိတ်သဟာယယဇ်ထဲမှ သင်ရရှိရမည့်ဝေစု၊ သင့်သားသမီးတို့ရရှိရမည့်ဝေစုအဖြစ် ပေးထားတော်မူပြီ။
ယဇ်ပုရောဟိတ်သည် သိုးသငယ်အထီးတစ်ကောင်ကိုယူ၍ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ဆီတစ်လောဃနှင့်အတူ ပူဇော်ပြီး ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
သူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မိတ်သဟာယယဇ်ကောင်၏ကျောရိုးနှင့်ဆက်နေသော အမြီးပိုင်းတစ်ခုလုံးမှ ခွာယူသည့်အဆီ၊ အူကိုဖုံးနေသည့်အဆီ၊ အူ၌ရှိသည့်အဆီအားလုံး၊
ဤသည်ကား မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်၊ အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာယဇ်နှင့် မိတ်သဟာယယဇ်တို့နှင့်ဆိုင်သောတရားဖြစ်၏။
နွားနှင့်သိုးထီး၏အမြီးပိုင်းအဆီ၊ အူကိုဖုံးနေသည့်အဆီ၊ ကျောက်ကပ်နှင့် အသည်းပေါ်မှအဆီပျဉ် စသည့်အဆီတို့ကို
မောရှေမှာကြားသည့်အတိုင်း အာရုန်သည် ရင်ပုံနှင့်ယာဘက်ပေါင်တို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲလေ၏။
ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံ၊ ယာဘက်ပေါင်သည် သင့်အဖို့ဖြစ်သကဲ့သို့ အသားသည်လည်း သင့်အဖို့ဖြစ်၏။
စားတော်ကဲသည် ပေါင်သားကိုယူလာ၍ ရှောလုရှေ့တွင် ချထား၏။ ရှမွေလက “သင့်ရှေ့၌ချထားသောအသားကို စားပါ။ ဤအသားသည် ဖိတ်ခေါ်ထားသောသူတို့နှင့်အတူ သတ်မှတ်ထားသောအချိန်တွင်စားဖို့ သင့်အတွက် ဖယ်ထားပေးသောအသားဖြစ်၏”ဟု ဆို၏။ ထို့ကြောင့် ထိုနေ့တွင် ရှောလုသည် ရှမွေလနှင့်အတူ စားသောက်လေ၏။