သင်တို့၏အရှက်မပေါ်မည့်အကြောင်း ငါ၏ယဇ်ပလ္လင်ပေါ်သို့ လှေကားဖြင့်မတက်ရ’ဟု မိန့်တော်မူ၏။
ထွက်မြောက် 28:42 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်ခန္ဓာ၏အရှက်ကိုဖုံးရန် သူတို့အတွက် ခါးမှပေါင်အထိရှည်သော ပိတ်ချောဘောင်းဘီကိုလုပ်ရမည်။ Common Language Bible သူတို့၏အရှက်လုံရန်ခါးမှပေါင်အထိရှည် သောအတွင်းခံဘောင်းဘီတိုများချုပ်ပေး ရမည်။- Garrad Bible သူ တို့ ရှက် ဖွယ် ရာ မ ဖြစ် စေ ခြင်း ငှါ၊ Judson Bible သူတို့၌ရှက်စရာအကြောင်း၊ မထင်မပေါ်စေခြင်းငှာ၊ ခါးမှပေါင်သို့အထိ ပိတ်ဘောင်းဘီကို ချုပ်၍ပေးရမည်။ |
သင်တို့၏အရှက်မပေါ်မည့်အကြောင်း ငါ၏ယဇ်ပလ္လင်ပေါ်သို့ လှေကားဖြင့်မတက်ရ’ဟု မိန့်တော်မူ၏။
သူတို့သည် အတွင်းဝင်းတံခါးသို့ ဝင်သောအခါ ချည်ချောထည်ကို ဝတ်ရမည်။ အတွင်းဝင်းတံခါး၌ဖြစ်စေ၊ အိမ်တော်တွင်း၌ဖြစ်စေ အမှုတော်ထမ်းဆောင်သောအခါ သိုးမွေးထည်ကို မဝတ်ရ။
ချည်ထည်ခေါင်းပေါင်းကို ပေါင်းရမည်။ ခါးစည်း ပိတ်ချောဘောင်းဘီကို ဝတ်ရမည်။ ချွေးထွက်စေသောအထည်ကို မဝတ်ရ။
သူသည် ကိုယ်ပေါ်၌ သန့်ရှင်းသောပိတ်ချောအတွင်းသင်တိုင်းနှင့် ပိတ်ချောဘောင်းဘီကိုဝတ်ရမည်။ ပိတ်ချောခါးစည်းကိုစည်း၍ ပိတ်ချောခေါင်းပေါင်းကို ဆောင်းရမည်။ ဤအဝတ်တန်ဆာတို့သည် သန့်ရှင်းသည်ဖြစ်၍ ရေချိုးပြီးမှ ဝတ်ဆင်ရမည်။
ယဇ်ပုရောဟိတ်သည် ကိုယ်ပေါ်၌ ပိတ်ချောအင်္ကျီနှင့် ပိတ်ချောဘောင်းဘီကိုဝတ်၍ ယဇ်ပလ္လင်ပေါ်ရှိ မီးလောင်ကျွမ်းထားသည့်မီးရှို့ရာယဇ်၏ပြာပုံကို ထုတ်ယူပြီး ယဇ်ပလ္လင်၏ဘေး၌ ပုံထားရမည်။
ပျောက်သောပစ္စည်းကို တွေ့ထားသော်လည်း ၎င်းနှင့်ပတ်သက်၍ လိမ်ညာခြင်းဖြင့်လည်းကောင်း၊ လူပြုသောအမှုတစ်စုံတစ်ခုနှင့်ပတ်သက်၍ မဟုတ်မမှန်ကျိန်ဆိုခြင်းဖြင့်လည်းကောင်း ထိုသို့သောအမှုတို့ဖြင့်အပြစ်ပြုလျှင်
သင်သည် ချမ်းသာလာစေရန် မီးဖြင့်ချွတ်၍သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်အချည်းစည်းဖြစ်ခြင်းအရှက်ကိုမပေါ်စေရန် သင်ဝတ်ဖို့ ဖြူသောဝတ်ရုံကိုလည်းကောင်း၊ သင်၏မျက်စိပြန်မြင်စေရန် မျက်စိခတ်ဖို့ မျက်စဉ်းကိုလည်းကောင်း ငါ့ထံမှဝယ်ယူရန် သင့်အား ငါအကြံပေး၏။