ဧဖုဒ်နှင့်ရင်ခံပြားအတွက် မဟူရာကြောင်ဝင်ကျောက်များနှင့်စီခြယ်စရာကျောက်များ စသည်တို့ဖြစ်ကြ၏။
ထွက်မြောက် 28:28 - မြန်မာ့စံမီသမ္မာကျမ်း ရင်ခံပြားကို ဧဖုဒ်မှမကွာစေဘဲ ဧဖုဒ်၏ခါးပတ်ပြား အထက်၌ရှိနေစေရန် ထိုရင်ခံပြား၏ကွင်းများနှင့် ဧဖုဒ်၏ကွင်းများကို အပြာရောင်ကြိုးဖြင့်တွဲချည်ထားရမည်။ Common Language Bible ရင်ဖုံးမှကွင်းများကိုသင်တိုင်းမှကွင်းများ နှင့်ကြိုးပြာဖြင့်ချည်ထားသဖြင့်၊ ရင်ဖုံးသည် လျှောမကျဘဲရင်စည်းအထက်တွင်တည်မြဲ နေမည်။ Garrad Bible ရင် လွှမ်း ကို ကိုယ် ဝတ် ရင် စည်း အ ပေါ် ၌ တင် လျက် ကိုယ် ဝတ် မှ မ ကွာ စေ ရန် ရင် လွှမ်း ကွင်း နှင့် ကိုယ် ဝတ် ကွင်း များ ကို ကြိုး ပြာ ဖြင့် ချည် ထား ကြ စေ။ Judson Bible ရင်ဖုံးရွှေနှစ်ကွင်းကို သင်တိုင်းရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေရမည်။ ထိုသို့ရင်ဖုံးကို ထူးဆန်းသောရင်စည်းအပေါ်နားမှာ ဆွဲ၍၊ သင်တိုင်းနှင့်မကွာ အမြဲရှိစေရမည်။ |
ဧဖုဒ်နှင့်ရင်ခံပြားအတွက် မဟူရာကြောင်ဝင်ကျောက်များနှင့်စီခြယ်စရာကျောက်များ စသည်တို့ဖြစ်ကြ၏။
နောက်ထပ် ရွှေကွင်းနှစ်ကွင်းကိုလုပ်၍ ဧဖုဒ်ရှေ့ဘက်ခြမ်းပခုံးသိုင်းကြိုးနှစ်ချောင်း၏အောက်ဘက်၊ ဧဖုဒ်၏ခါးပတ်ပြားဆက်ရာပေါ်၌ တပ်ရမည်။
အာရုန်သည် သန့်ရှင်းရာဌာနတော်ထဲသို့ဝင်သောအခါ အစ္စရေး၏သားတို့၏အမည်များပါသည့် တရားစီရင်ခြင်းဆိုင်ရာရင်ခံပြားကို ထာဝရဘုရားရှေ့တော်၌ အစဉ်အောက်မေ့ဖွယ်အဖြစ် မိမိ၏နှလုံးပေါ်တွင် ဆောင်ထားရမည်။
ထိုရွှေစင်ပြားကို ခေါင်းပေါင်းပေါ်၌ အပြာရောင်ကြိုးဖြင့်ချည်ပြီး ခေါင်းပေါင်းရှေ့ဘက်ခြမ်း၌ရှိစေရမည်။
ဧဖုဒ်ပေါ်ရှိ ခါးပတ်ပြားကိုလည်း ဧဖုဒ်လုပ်သကဲ့သို့ပင် ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြင့် ချုပ်လုပ်ရမည်။
သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သောရက်ထည်အဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အာရုန်အတွက်သန့်ရှင်းသောအဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာများကိုလည်းကောင်း မောရှေထံသို့ ယူဆောင်လာကြ၏။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သူတို့၏မျိုးဆက်အစဉ်အဆက် မိမိတို့အဝတ်၏ထောင့်စွန်းတို့၌ ပန်းဖွားကိုပြုလုပ်၍ ထိုထောင့်စွန်းပန်းဖွား၌ အပြာရောင်ကြိုးတပ်ရမည်။