အစ္စရေး၏သားတို့အမည်များကို ကမ္ပည်းတံဆိပ်အဖြစ် ထိုကျောက်နှစ်လုံးအပေါ်၌ ကျောက်ဆစ်အတတ်ပညာဖြင့် ကမ္ပည်းထိုး၍ ရွှေကျောက်မျက်အိုး၌ ထည့်ထားရမည်။
ထွက်မြောက် 28:17 - မြန်မာ့စံမီသမ္မာကျမ်း ရင်ခံပြားပေါ်၌ ကျောက်ကို လေးတန်းစီ၍ တပ်ရမည်။ ပထမအတန်းကား ပတ္တမြား၊ ဥဿဖရား၊ ဂေါ်မုတ်နီ ဖြစ်ရမည်။ Common Language Bible ရင်ဖုံးပေါ်တွင်ကျောက်မျက်လေးတန်းတပ် ဆင်ထားရမည်။ ပထမအတန်းတွင်ပတ္တမြား၊ ဥဿဖယား၊ ကျောက်နီ၊- Garrad Bible ထို ရင် လွှမ်း ၌ ကျောက် မျက် လေး တန်း ချယ် စီ၍ ပ ထ မ အ တန်း ကား၊ Judson Bible ထိုရင်ဖုံး၌ ကျောက်မြတ်ကိုလေးတန်းစီရမည်။ ပထမအတန်းကား၊ ကျောက်နီ၊ ဥဿဖရား၊ ပတ္တမြား၊ |
အစ္စရေး၏သားတို့အမည်များကို ကမ္ပည်းတံဆိပ်အဖြစ် ထိုကျောက်နှစ်လုံးအပေါ်၌ ကျောက်ဆစ်အတတ်ပညာဖြင့် ကမ္ပည်းထိုး၍ ရွှေကျောက်မျက်အိုး၌ ထည့်ထားရမည်။
ထိုရင်ခံပြားသည် နှစ်လွှာရှိ၍ အလျားတစ်ထွာ၊ အနံတစ်ထွာ စတုရန်းပုံဖြစ်ရမည်။
သင်သည် မဟူရာကြောင်ဝင်ကျောက်နှစ်လုံးကိုလည်းယူ၍ ထိုကျောက်နှစ်လုံးပေါ်၌ အစ္စရေး၏သားတို့အမည်များကို ကမ္ပည်းထိုးရမည်။
ရွှေရှိ၏။ ပတ္တမြားလည်းများစွာရှိ၏။ သို့သော် အသိပညာရှိသောနှုတ်ခမ်းသည် အဖိုးတန်သောရတနာဖြစ်၏။
ဉာဏ်ပညာသည် ပတ္တမြားထက်အဖိုးတန်၍ သင်နှစ်သက်သောမည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။
စွမ်းရည်နှင့်ပြည့်စုံသောမယားကို မည်သူတွေ့နိုင်သနည်း။ ထိုသို့သောမယားသည် ပတ္တမြားထက်များစွာအဖိုးထိုက်၏။
အကြောင်းမူကား ဉာဏ်ပညာသည် ပတ္တမြားတို့ထက်ကောင်းမြတ်၍ မည်သည့်နှစ်သက်ဖွယ်သောအရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။
သူ၏အကြီးအကဲတို့သည် နှင်းပွင့်ထက်စင်ကြယ်၍ နို့ရည်ထက်ဖြူခဲ့၏။ သူတို့၏အသားအရေသည် ပတ္တမြားထက်နီ၏။ နီလာကဲ့သို့ တောက်ပသောအဆင်း ရှိခဲ့၏။
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်ထဲတွင် သင်နေရ၏။ သင့်ကို ပတ္တမြား၊ ဥဿဖရား၊ စိန်၊ ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်နီ စသော အဖိုးတန်ကျောက်မျက်အမျိုးမျိုးတို့ဖြင့် ဆင်ယင်ထား၏။ သင်၏ပတ်သာနှင့် ပလွေကို ရွှေဖြင့်လုပ်ထား၏။ သင့်ကို ဖန်ဆင်းခဲ့သောနေ့တွင် ထိုသို့ ငါပြင်ဆင်ခဲ့ပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါတရားစီရင်သောနေ့၌ ထိုသူတို့သည် ငါပိုင်တော်မူရာဘဏ္ဍာတော် ဖြစ်ကြလိမ့်မည်။ ဖခင်၏အမှုကို ဆောင်သောသားအား ဖခင်က ကရုဏာထားသကဲ့သို့ သူတို့ကို ငါကရုဏာထားမည်”ဟု မိန့်တော်မူ၏။