အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ထွက်​မြောက် 28:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကြိုးကျစ်​သကဲ့သို့ ကျစ်​ထား​သော​ရွှေ​စင်​ကြိုး​နှစ်​ချောင်း​ကို လုပ်​၍ ထို​ရွှေစင်​ကြိုး​တို့​ကို ကျောက်မျက်အိုး​ဖြင့် ဆက်​ထား​ရ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ရွှေ​ကြိုး​လိမ်​နှစ်​ပင်​ကို​ပန်း​ထည်​များ​တွင် တပ်​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ဆုံး၌​တပ်​ရ​သော​ကြိုး​နှစ်​ပင်​တို့​ကို ရွှေ​စင်​နှင့်​ကျစ်၍​လုပ်​ပြီး​မှ ကျောက်​အိုး၌​တွဲ​ရ​မည်။

အခန်းကိုကြည့်ပါ။



ထွက်​မြောက် 28:14
9 ပူးပေါင်းရင်းမြစ်များ  

တိုင်​ထိပ်​ရှိ​တိုင်အုပ်​ပေါ်တွင် ရာဇမတ်ကွက်​များ​ဖော်ထား​ပြီး ကျစ်ဆံမြီးပုံ​ကြိုး​များ​ကို ပန်းဆိုင်း​သဖွယ် ချထား​၏​။ ကြိုး​များ​သည် ပထမ​တိုင်​တွင်​ခုနစ်​ခု​၊ ဒုတိယ​တိုင်​တွင်​ခုနစ်​ခု​ပါရှိ​၏​။


တိုင်​တစ်​တိုင်​စီ​၏​အမြင့်​မှာ တစ်ဆယ့်​ရှစ်​တောင်​ရှိ​ပြီး တိုင်ထိပ်​တွင် ကြေးနီ​တိုင်အုပ် ပါရှိ​၏​။ ထို​တိုင်အုပ်​သည်​လည်း အမြင့်​သုံး​တောင်​ရှိ​ပြီး တိုင်အုပ်​ပတ်ပတ်လည်​တွင်​လည်း ကြေးနီ​အတိပြီး​သော​ရာဇမတ်ကွက်​နှင့်​သလဲသီးပုံ​များ​လည်း ပါရှိ​၏​။ ထိုနည်းတူ ဒုတိယ​တိုင်​တွင်​လည်း ရာဇမတ်ကွက်​များ ပါရှိ​၏​။


အစ္စရေး​၏​သား​တို့​အမည်​များ​ကို ကမ္ပည်း​တံဆိပ်​အဖြစ် ထို​ကျောက်​နှစ်​လုံး​အပေါ်​၌ ကျောက်ဆစ်​အတတ်ပညာ​ဖြင့် ကမ္ပည်းထိုး​၍ ရွှေ​ကျောက်မျက်အိုး​၌ ထည့်​ထား​ရ​မည်​။


ရွှေ​ကျောက်မျက်အိုး​များ​ကို​လည်း လုပ်​ရ​မည်​။


တရားစီရင်​ခြင်း​ဆိုင်ရာ​ရင်ခံပြား​ကို ဧဖုဒ်​လုပ်​သကဲ့သို့ ရွှေ​ချည်​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြင့် လက်ရာမြောက်​စွာ ချုပ်လုပ်​ရ​မည်​။


မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ရင်ခံပြား​အတွက် ကျစ်ဆံမြီး​ပုံစံကြိုး​ကို ရွှေ​စင်​ဖြင့် သွန်းလုပ်​၏​။