အစ္စရေး၏သားတို့အမည်များကို ကမ္ပည်းတံဆိပ်အဖြစ် ထိုကျောက်နှစ်လုံးအပေါ်၌ ကျောက်ဆစ်အတတ်ပညာဖြင့် ကမ္ပည်းထိုး၍ ရွှေကျောက်မျက်အိုး၌ ထည့်ထားရမည်။
ထွက်မြောက် 28:13 - မြန်မာ့စံမီသမ္မာကျမ်း ရွှေကျောက်မျက်အိုးများကိုလည်း လုပ်ရမည်။ Common Language Bible ရွှေပန်းထည်နှစ်ခုကိုပြုလုပ်၍၊- Garrad Bible ရွှေ ပန်း ထည် များ ကို လည်း ကောင်း၊ ရွှေ စင် နန်း ကြိုး လိမ် နှစ် ပင် ကို လည်း ကောင်း လုပ် ပြီး မှ ပန်း ထည် များ၌ ကြိုး လိမ် များ ကို ဆွဲ ထား လော့။ Judson Bible ကျောက်အိုးတို့ကို ရွှေနှင့် လုပ်ရမည်။ |
အစ္စရေး၏သားတို့အမည်များကို ကမ္ပည်းတံဆိပ်အဖြစ် ထိုကျောက်နှစ်လုံးအပေါ်၌ ကျောက်ဆစ်အတတ်ပညာဖြင့် ကမ္ပည်းထိုး၍ ရွှေကျောက်မျက်အိုး၌ ထည့်ထားရမည်။
ကြိုးကျစ်သကဲ့သို့ ကျစ်ထားသောရွှေစင်ကြိုးနှစ်ချောင်းကို လုပ်၍ ထိုရွှေစင်ကြိုးတို့ကို ကျောက်မျက်အိုးဖြင့် ဆက်ထားရမည်။
ရွှေကျောက်မျက်အိုးနှစ်ခုနှင့် ရွှေကွင်းနှစ်ကွင်းကိုလည်းလုပ်၍ ထိုကွင်းနှစ်ကွင်းကို ရင်ခံပြားအစွန်းနှစ်ဖက်၌ တပ်၏။
ရင်ခံပြားကို ဧဖုဒ်လုပ်သကဲ့သို့ ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြင့် လက်ရာမြောက်စွာ ချုပ်လုပ်၏။