အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ထွက်​မြောက် 28:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​ကျောက်​နှစ်​လုံး​ကို အစ္စရေး​အမျိုးသား​တို့​အတွက် အောက်မေ့ဖွယ်​ကျောက်​အဖြစ် ဧဖုဒ်​၏​ပခုံးသိုင်းကြိုး​အပေါ်​၌ တပ်​ရ​မည်​။ ထာဝရဘုရား​ရှေ့​တော်​၌ အောက်မေ့ဖွယ်​အဖြစ် သူ​တို့​၏​အမည်​ကို အာရုန်​သည် သူ​၏​ပခုံး​နှစ်​ဖက်​၌ ဆောင်​ရ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဣသ​ရေလ​တစ်​ဆယ့်​နှစ်​မျိုး​တို့​ကို​သ​တိ​ရ စေ​ရန် ထို​ကျောက်​နှစ်​လုံး​ကို​သင်​တိုင်း​၏​ပ​ခုံး သိုင်း​ကြိုး​များ​ပေါ်​မှာ​တပ်​ဆင်​ရ​မည်။ ထို​နည်း အား​ဖြင့်​အာ​ရုန်​သည်​သူ​တို့​၏​နာ​မည်​များ ကို​ပ​ခုံး​ပေါ်​တွင်​ဆောင်​ထား​သ​ဖြင့် ငါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​မျိုး​တော် ကို​အ​စဉ်​သ​တိ​ရ​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဣ သ ရေ လ အ မျိုး သား တို့ အ ထိမ်း အ မှတ် ကျောက် မျက် ဖြစ် စေ ခြင်း ငှါ ထို ကျောက် နှစ် လုံး ကို ကိုယ် ဝတ် ပ ခုံး သိုင်း၌ တပ်၍ သူ တို့ အ မည် များ ကို အ ထိမ်း အ မှတ် အ ဖြစ် အာ ရုန် သည် ငါ ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ပ ခုံး နှစ် ဘက် ပေါ် မှာ ဆောင် ရ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အောက်​မေ့​စေ​ခြင်း​ငှာ၊ ထို​ကျောက်​နှစ်​လုံး​ကို သင်​တိုင်း​သိုင်း​ကြိုး​ပေါ်​မှာ တပ်​ရ​မည်။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အောက်​မေ့​စေ​ခြင်း​ငှာ၊ သူ​တို့​နာ​မည်​များ​ကို အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​ပ​ခုံး​ပေါ်​မှာ ဆောင်​ရ​မည်။

အခန်းကိုကြည့်ပါ။



ထွက်​မြောက် 28:12
23 ပူးပေါင်းရင်းမြစ်များ  

သို့ပြုလျှင် ထို​စွဲချက်​ကို ငါ့​ပခုံး​ထက်​တွင် တင်​ထား​မည်​။ သရဖူ​ကဲ့သို့ ဆောင်း​ထား​မည်​။


တစ်ခါက ကိုယ်တော်​သည် ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​အား ဗျာဒိတ်နိမိတ်​အားဖြင့် မြွက်ဆို​တော်မူ​သည်​မှာ “​ငါ​သည် ခွန်အားကြီး​သော​သူ​တစ်​ဦး​ကို ကူညီမစ​ပြီ​။ လူ​တို့​ထဲမှ ရွေးချယ်​ထား​သော​သူ​တစ်​ဦး​ကို ချီးမြှောက်​ပြီ​။


ဤ​နေ့​သည် သင်​တို့​အတွက် အောက်မေ့ဖွယ်​နေ့​ဖြစ်​၏​။ ဤ​နေ့​တွင် ထာဝရဘုရား​အဖို့ ပွဲတော်​ကျင်းပ​ရ​မည်​။ ထို​ပွဲတော်​ကို အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​အဖြစ် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် ကျင်းပ​ရ​မည်​။


ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သောကြောင့် ထာဝရဘုရား​၏​တရားတော်​သည် သင်​တို့​၏​နှုတ်​၌​တည်​မည့်​အကြောင်း သင်​တို့​အတွက် ဤ​အမှု​သည် သင်​တို့​၏​လက်​၌ အမှတ်လက္ခဏာ​၊ သင်​တို့​၏​မျက်မှောင်​၌ အမှတ်ရစရာ​အဖြစ် ရှိ​ရ​မည်​။


အစ္စရေး​၏​သား​တို့​အမည်​များ​ကို ကမ္ပည်း​တံဆိပ်​အဖြစ် ထို​ကျောက်​နှစ်​လုံး​အပေါ်​၌ ကျောက်ဆစ်​အတတ်ပညာ​ဖြင့် ကမ္ပည်းထိုး​၍ ရွှေ​ကျောက်မျက်အိုး​၌ ထည့်​ထား​ရ​မည်​။


အာရုန်​သည် သန့်ရှင်းရာဌာန​တော်​ထဲသို့​ဝင်​သောအခါ အစ္စရေး​၏​သား​တို့​၏​အမည်​များ​ပါ​သည့် တရားစီရင်​ခြင်း​ဆိုင်ရာ​ရင်ခံပြား​ကို ထာဝရဘုရား​ရှေ့​တော်​၌ အစဉ်​အောက်မေ့ဖွယ်​အဖြစ် မိမိ​၏​နှလုံး​ပေါ်တွင် ဆောင်​ထား​ရ​မည်​။


ပခုံး​အစွန်း​နှစ်​ခု​ကို​ဆက်​ရန် ပခုံးသိုင်းကြိုး​နှစ်​ခု​ရှိ​ရ​မည်​။


ကြည့်ရှု​လော့​။ ဘုရားသခင်​သည် ငါ့​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။ ငါ​သည် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ယုံကြည်ကိုးစား​မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် ငါ​၏​ခွန်အား​၊ ငါ​၏​တေးသီချင်း​၊ ငါ့​ကို ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​”​ဟု ဆို​လိမ့်မည်​။


အို ဂျေရုဆလင်​မြို့​၊ ကင်းစောင့်​တို့​ကို သင်​၏​မြို့ရိုး​များ​ပေါ်တွင် ငါ​ချထား​ပြီ​။ သူ​တို့​သည် နေ့နေ့​ညည တိတ်တိတ်နေ​မည်​မ​ဟုတ်​။ ထာဝရဘုရား​ကို အောက်မေ့​စေ​သော​သူ​တို့​၊ နှုတ်ဆိတ်​မ​နေ​ကြ​နှင့်​။


အကြောင်းမူကား သူငယ်​သည် ငါ​တို့​အဖို့ ဖွားမြင်​တော်မူ​ပြီ​။ ငါ​တို့​အား သား​ကို​ပေး​တော်မူ​ပြီ​။ သူ​၏​ပခုံး​ပေါ်၌ အာဏာစက်​ရှိ​လိမ့်မည်​။ နာမ​တော်​ကို အံ့ဩဖွယ်​၊ တိုင်ပင်ဖက်​၊ တန်ခိုးကြီး​သော​ဘုရားသခင်​၊ ထာဝရ​အဖ​၊ ငြိမ်သက်​ခြင်း​အရှင်​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။


တစ်ပုံစီ​အပေါ်​တွင် သန့်စင်​သော​လော်ဗန်​ကို တင်​ထား​ရ​မည်​။ ၎င်း​သည် မုန့်​အတွက် ပူဇော်သက္ကာ​အမှတ်သညာ​ဖြစ်​၏​။ ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ပူဇော်သက္ကာ​ဖြစ်​၏​။


ဤသည်ကား ကောရ​နှင့်​သူ​၏​အပေါင်းပါ​တို့​ကဲ့သို့​မ​ဖြစ်​မည့်​အကြောင်း ထာဝရဘုရား​ရှေ့​တော်​၌ နံ့သာပေါင်း​မီးရှို့​ဖို့ အာရုန်​၏​သားစဉ်မြေးဆက်​မ​ဟုတ်​သည့်​သာမန်လူ​တစ်စုံတစ်ယောက်​မျှ​မ​ချဉ်းကပ်​မိ​စေရန် အစ္စရေး​အမျိုးသား​တို့ အမှတ်ရစရာ​ဖြစ်​၏​။


မောရှေ​နှင့် ယဇ်ပုရောဟိတ်​ဧလာဇာ​တို့​သည် ထောင်​တပ်မှူး​၊ ရာ​တပ်မှူး​တို့​ထံ​မှ ရွှေ​ကို​ခံယူ​၍ ထာဝရဘုရား​ရှေ့​တော်​၌ အစ္စရေး​အမျိုးသား​တို့​အတွက် အောက်မေ့ဖွယ်​အဖြစ် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့ သွင်း​ထား​ကြ​၏​။


ကိုယ်တော်​သည် ငါ​တို့​ဘိုးဘေး​များ​အား​မိန့်​တော်မူ​သည့်​အတိုင်း အာဗြဟံ​မှစ၍ သူ​၏​အမျိုးအနွယ်​အပေါ် ကာလ​အစဉ်အဆက်​ထားရှိ​သော​ကရုဏာ​တော်​ကို​အောက်မေ့​၍ မိမိ​၏​အစေခံ​အစ္စရေး​လူမျိုး​ကို ကူညီမစ​တော်မူ​ပြီ”​ဟု ဆို​၏။


ဤသည်ကား ငါ​တို့​၏​ဘိုးဘေး​များ​အပေါ် ကရုဏာ​တော်​ကို​ပြသ​တော်မူ​ရန်​နှင့် ငါ​တို့​ကို ရန်သူ​တို့​လက်​မှ​ကယ်နုတ်​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ရှေ့​တော်​၌ သန့်ရှင်း​ခြင်း​နှင့်​ဖြောင့်မတ်​ခြင်း​တို့​ဖြင့် ကိုယ်တော်​ကို ဝတ်ပြု​ရ​သော​အခွင့်​ပေး​မည်​ဟု ငါ​တို့​အဖ​အာဗြဟံ​အား တိုင်တည်​၍​မိန့်​တော်မူ​သည့် ကတိ​သစ္စာ​တည်းဟူသော ကိုယ်တော်​၏​သန့်ရှင်း​သော​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​ရန်​ဖြစ်​၏။


ထို​ကောင်းကင်တမန်​ကို စေ့စေ့​ကြည့်​ရင်း သူ​သည် ကြောက်လန့်​၍ “သခင်ဘုရား၊ မည်သည့်​အကြောင်းအရာ​ရှိ​ပါ​သနည်း”​ဟု မေး​လေ​၏။ ကောင်းကင်တမန်​က​လည်း “သင်​၏​ဆုတောင်း​ခြင်း​နှင့်​ပေးကမ်း​စွန့်ကြဲ​ခြင်း​တို့​သည် အမှတ်ရ​စရာ​အဖြစ် ဘုရားသခင်​၏​ရှေ့​တော်​သို့​ရောက်​လေ​ပြီ။


ကျေးဇူး​တော်​ချီးမွမ်း​ပြီးမှ မုန့်​ကို​ဖဲ့​၍“ဤ​မုန့်​ကား သင်​တို့​အတွက်​ချိုးဖဲ့​သော ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်မေ့​ဖို့​ရန် ဤသို့​ပြု​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ဗင်္ယာမိန်​အမျိုး​ကို​ကား​၊ ထာဝရဘုရား​ချစ်​တော်မူ​သော​ဗင်္ယာမိန်​သည် အထံ​တော်​၌ လုံခြုံ​စွာ​နေ​ရ​ပါစေသော​။ ကိုယ်တော်​သည် သူ့​ကို​အစဉ်အမြဲ​ကွယ်ကာ​တော်မူ​၍ သူ​၏​ပခုံး​ပေါ်တွင် ကိန်းဝပ်​တော်မူ​ပါစေသော​။


သင်​တို့​က​လည်း ဂျော်ဒန်​မြစ်ရေ​သည် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ရှေ့​၌ ရပ်တန့်​ခဲ့​၏​။ သေတ္တာ​တော်​နှင့် ဂျော်ဒန်​မြစ်​ကို​ကူး​သောအခါ ဂျော်ဒန်​မြစ်ရေ​သည် ရပ်တန့်​ခဲ့​၏​။ ဤ​ကျောက်တုံး​တို့​သည် ဤ​အဖြစ်​ကို အစ္စရေး​အမျိုးသား​တို့ အစဉ်​အမှတ်ရ​စေရန်​အတွက်​ဖြစ်​သည်​ဟု သူ​တို့​အား ပြောပြ​ရ​မည်​”​ဟု ဆို​လေ​၏​။