အိမ်တော်အတွင်းပိုင်းအတောင်နှစ်ဆယ်ကို အခန်းဖွဲ့၍ ကြမ်းခင်းမှမျက်နှာကြက်အထိ သစ်ကတိုးပြားများဖြင့် ကာထား၏။ ဤအခန်းသည် အိမ်တော်အတွင်းပိုင်းတွင် ဆောက်လုပ်ထားပြီး သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနအဖို့ဖြစ်၏။
ထွက်မြောက် 26:34 - မြန်မာ့စံမီသမ္မာကျမ်း ကရုဏာတော်ပလ္လင်ကို အသန့်ရှင်းဆုံးဌာနရှိ သက်သေခံချက်သေတ္တာတော်အပေါ်၌ ထားရမည်။ Common Language Bible ပဋိညာဉ်သေတ္တာတွင်အဖုံးတပ်ထားရမည်။- Garrad Bible အ ထူး သန့် ရှင်း ရာ ဌာ န တော်၌ သက် သေ တော် သေ တ္တာ အ ပေါ် မှာ အ ပြစ် ဖြေ ရာ ပလ္လင် တော် ကို တင် ထား လော့။ Judson Bible ဟဂျာဟဂျုံအရပ်၌ သက်သေခံချက်သေတ္တာအပေါ်မှာ၊ သေတ္တာအဖုံးကို တင်ထားရမည်။ |
အိမ်တော်အတွင်းပိုင်းအတောင်နှစ်ဆယ်ကို အခန်းဖွဲ့၍ ကြမ်းခင်းမှမျက်နှာကြက်အထိ သစ်ကတိုးပြားများဖြင့် ကာထား၏။ ဤအခန်းသည် အိမ်တော်အတွင်းပိုင်းတွင် ဆောက်လုပ်ထားပြီး သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနအဖို့ဖြစ်၏။
ကရုဏာတော်ပလ္လင်ကို သေတ္တာပေါ်တွင်တင်ရမည်။ သင့်အားငါပေးအပ်မည့်သက်သေခံချက်ကို သေတ္တာထဲတွင်ထားရမည်။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သက်သေခံချက်ကိုယူ၍ သေတ္တာထဲထည့်၏။ သေတ္တာကွင်း၌ ထမ်းပိုးများကိုလျှို၍ သေတ္တာပေါ်၌ ကရုဏာတော်ပလ္လင်ကိုတင်၏။
ဗိမာန်တော်အတွင်းခန်းကိုတိုင်းရာ အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်ရှိ၏။ “ဤအခန်းသည် အသန့်ရှင်းဆုံးဌာနဖြစ်သည်”ဟု ငါ့အား ပြောပြ၏။
“ငါသည် ကရုဏာတော်ပလ္လင်အထက်တွင် မိုးတိမ်အားဖြင့်ထင်ရှားမည်ဖြစ်၍ သင်၏အစ်ကိုအာရုန်မသေရမည့်အကြောင်း သေတ္တာပေါ်ရှိ ကရုဏာတော်ပလ္လင်ရှေ့၊ ကန့်လန့်ကာအတွင်းဘက်ရှိ သန့်ရှင်းရာဌာနထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာခြင်းမပြုရန် သူ့အားပြောလော့။
ထိုသေတ္တာပေါ်တွင် ဘုန်းအသရေနှင့်ပြည့်စုံသောခေရုဗိမ်တို့သည် အသနားခံရာပလ္လင်ကို အုပ်မိုးထားကြ၏။ ဤအရာများအကြောင်းကို ယခုအသေးစိတ်ပြောပြ၍ မရနိုင်ပေ။