ကြေးနီချိတ်အခုငါးဆယ်ကိုလည်းလုပ်ပြီး တဲတော်တစ်ဆောင်တည်းဖြစ်စေရန် ကွင်းများကို ထိုချိတ်များနှင့် ချိတ်ထားရမည်။
ထွက်မြောက် 26:10 - မြန်မာ့စံမီသမ္မာကျမ်း ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ်၊ နောက်ရွက်ထည်တစ်တွဲ၏အနားတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ် တပ်ရမည်။ Common Language Bible ပထမအစပ်၏နောက်ဆုံးအထည်နားတွင် ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဒုတိယအစပ် ၏အနားတွင်ကွင်းငါးဆယ်ကိုလည်းကောင်း တပ်ထားရမည်။- Garrad Bible စပ် သော တင်း တိမ် ရံ နှစ် ထည် အ နား တစ် ဘက် တစ် ဘက် ၌၊ ကွင်း ငါး ဆယ် စီ ကို လုပ် ၍ တပ် လော့။ Judson Bible ကုလားကာများဆက်မီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတစ်ထည်အနားမှာ၊ ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဆက်မီသောအခြားကုလားကာအနားမှာ၊ ကွင်းငါးဆယ်ကိုလည်းကောင်း လုပ်ရမည်။ |
ကြေးနီချိတ်အခုငါးဆယ်ကိုလည်းလုပ်ပြီး တဲတော်တစ်ဆောင်တည်းဖြစ်စေရန် ကွင်းများကို ထိုချိတ်များနှင့် ချိတ်ထားရမည်။
အပြာရောင်ချည်ဖြင့်ကွင်းများကိုလုပ်၍ ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင် တပ်ရမည်။ နောက်ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင်လည်း ထို့အတူလုပ်ရမည်။
ရွက်ထည်ငါးထည်ကိုတစ်တွဲ၊ ရွက်ထည်ခြောက်ထည်ကိုတစ်တွဲ ဆက်၍ ဆဋ္ဌမရွက်ထည်ကို တဲတော်၏ရှေ့ပိုင်း၌ ခေါက်တင်ရမည်။
ရွက်ထည်တစ်တွဲအတွက် ကွင်းအကွင်းငါးဆယ်လုပ်၏။ နောက်ရွက်ထည်တစ်တွဲ၏အစွန်း၌တပ်ရန်အတွက် ကွင်းအကွင်းငါးဆယ်လုပ်၏။ ထိုကွင်းများသည် တစ်ကွင်းနှင့်တစ်ကွင်းဆိုင်နေကြ၏။