ရှောလမုန်မင်းကြီးသည် ဒိုင်းလွှားကြီးအခုနှစ်ရာကိုလည်း ရွှေဖြင့်ထုလုပ်၏။ ဒိုင်းလွှားကြီးတစ်ခုစီတွင် ရွှေအချိန်ခြောက်ရာရှယ်ကယ်ပါဝင်၏။
ထွက်မြောက် 25:36 - မြန်မာ့စံမီသမ္မာကျမ်း အလက်နှင့် အလက်တို့၏ပွင့်ဖတ်အုံများသည် ဆီမီးခုံနှင့်တစ်သားတည်းဖြစ်ရမည်။ ဆီမီးခုံတစ်ခုလုံးကို ရွှေစင်တစ်တုံးတည်းဖြင့် ထုလုပ်ရမည်။ Common Language Bible ပွင့်ဖူးအလက်နှင့်ဆီမီးခုံတိုင်တို့ကိုရွှေ ဖြင့်တစ်သားတည်းထုလုပ်ရမည်။- Garrad Bible ပွင့် ပတ်၊ ရိုး တန် များ သည် မီး ခုံ နှင့် တစ် ဆက် တည်း ရှိ၍ ရွှေ စင် နှင့် ထု လုပ် သော မီး တစ် ခုံ တည်း ဖြစ် ရ မည်။ Judson Bible ဘူးများ၊ အလက်များတို့ကို တစ်ကိုယ်တစ်စပ်တည်းဖြစ်စေ၍၊ မီးခုံတစ်ကိုယ်လုံးကို ရွှေစင်နှင့်ထုလုပ်ရမည်။ |
ရှောလမုန်မင်းကြီးသည် ဒိုင်းလွှားကြီးအခုနှစ်ရာကိုလည်း ရွှေဖြင့်ထုလုပ်၏။ ဒိုင်းလွှားကြီးတစ်ခုစီတွင် ရွှေအချိန်ခြောက်ရာရှယ်ကယ်ပါဝင်၏။
ကရုဏာတော်ပလ္လင်၏အစွန်းနှစ်ဖက်၌ ခေရုဗိမ်နှစ်ပါးကို ရွှေဖြင့်ထုလုပ်ထားရမည်။
သင်သည် ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်ရမည်။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်ရမည်။
အလက်နှင့် အလက်တို့၏ပွင့်ဖတ်အုံများသည် ဆီမီးခုံနှင့်တစ်သားတည်းဖြစ်၏။ ဆီမီးခုံတစ်ခုလုံးကို ရွှေစင်တစ်တုံးတည်းနှင့် ထုလုပ်၏။
ဆီမီးခုံကို ဤသို့ထုလုပ်ထား၏။ မောရှေအား ထာဝရဘုရားပြခဲ့သည့်ပုံစံအတိုင်း ဆီမီးခုံကို ဆီမီးခုံတိုင်မှစ၍ ပွင့်ဖတ်အထိ ရွှေဖြင့်ထုလုပ်ထား၏။