ရေကန်၏ထုမှာ လက်တစ်ဖဝါးစာရှိ၏။ အနားသားမှာ ခွက်ဖလားအနားသားနှင့်တူပြီး နှင်းပန်းပုံဖော်ထား၏။ ရေ ဗတ်သုံးထောင်ဆံ့၏။
ထွက်မြောက် 25:25 - မြန်မာ့စံမီသမ္မာကျမ်း အနားပတ်ပတ်လည်၌ လက်တစ်ဝါးအကျယ်ရှိသောဘောင်ကိုလုပ်၍ ထိုဘောင်ပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်ရမည်။ Common Language Bible စားပွဲပတ်လည်တွင်သုံးလက်မဗြက်ရှိသော ဘောင်တပ်၍အနားကိုရွှေကွပ်ရမည်။- Garrad Bible ပြက် လက် တစ် ဝါး ရှိ သော ထောက် ကို လုပ်၍ ပတ် လည် ရွှေ ပြော့ ကြောင်း ထိုး ထား လော့။ Judson Bible အနံလက်တစ်ဝါးရှိသော ခါးပန်းကိုလည်းကောင်း၊ ခါးပန်းအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်းကောင်း လုပ်ရမည်။ |
ရေကန်၏ထုမှာ လက်တစ်ဖဝါးစာရှိ၏။ အနားသားမှာ ခွက်ဖလားအနားသားနှင့်တူပြီး နှင်းပန်းပုံဖော်ထား၏။ ရေ ဗတ်သုံးထောင်ဆံ့၏။
ထိုစားပွဲအတွက် ရွှေကွင်းလေးကွင်းကိုသွန်းလုပ်၍ ထိုကွင်းများကို စားပွဲ၏ခြေလေးချောင်းရှိ ထောင့်လေးထောင့်၌ တပ်ရမည်။
ယဇ်ပလ္လင်၏အပေါ်ပိုင်းကိုလည်းကောင်း၊ ဘေးပတ်ပတ်လည်ကိုလည်းကောင်း၊ ချိုများကိုလည်းကောင်း ရွှေစင်ဖြင့်မွမ်းမံရမည်။ ယဇ်ပလ္လင်အပေါ်ပိုင်းပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်ရမည်။
အနားပတ်ပတ်လည်၌ လက်တစ်ဝါးအကျယ်ရှိသောဘောင်ကိုလုပ်၍ ထိုဘောင်ပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်၏။
သေတ္တာ၏အတွင်းအပြင်ကို ရွှေစင်ဖြင့်မွမ်းမံပြီး ထိုသေတ္တာပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်၏။
ယဇ်ပလ္လင်၏အရွယ်အစားမှာ ဤသို့ဖြစ်၏။ ယဇ်ပလ္လင်အောက်ခြေအဆင့်သည် တစ်တောင်မြင့်၍ တစ်တောင်ကျယ်ရမည်။ (ဤတွင် တစ်တောင်ဆိုသည်မှာ လူလက်တစ်တောင်နှင့်လက်တစ်ဝါးစာအတိုင်းအတာကို ဆိုလိုသည်။) ပတ်ပတ်လည်အနားကွပ်အကျယ်မှာ တစ်ထွာရှိရမည်။ ဤကား ယဇ်ပလ္လင်အောက်ခြေအဆင့်ဖြစ်၏။