ထို့နောက် ထာဝရဘုရားက မောရှေအား မိန့်မှာထားတော်မူသည့်အတိုင်း လေဝိအမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို ထမ်းပိုးတို့နှင့် ပခုံးပေါ်တင်ထမ်းကာ သယ်ဆောင်လာကြ၏။
ထွက်မြောက် 25:14 - မြန်မာ့စံမီသမ္မာကျမ်း သေတ္တာကိုထမ်းရန် ထမ်းပိုးတို့ကို သေတ္တာ၏ဘေးတစ်ဖက်တစ်ချက်ရှိကွင်းများထဲသို့ လျှိုထားရမည်။ Common Language Bible သေတ္တာကိုသယ်ဆောင်ရန်ထမ်းပိုးများကိုသေတ္တာ တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုထား ရမည်။- Garrad Bible သေ တ္တာ တော် ထမ်း ရန် နံ ဘေး ရှိ ကွင်း များ တွင် လျှို ထား လော့။ Judson Bible သေတ္တာထမ်းစရာဖို့တစ်ဖက်တစ်ချက် ရွှေကွင်းထဲသို့ လျှိုထားရမည်။ |
ထို့နောက် ထာဝရဘုရားက မောရှေအား မိန့်မှာထားတော်မူသည့်အတိုင်း လေဝိအမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို ထမ်းပိုးတို့နှင့် ပခုံးပေါ်တင်ထမ်းကာ သယ်ဆောင်လာကြ၏။
ဒါဝိဒ်မင်းကြီးက “လေဝိအမျိုးမှလွဲ၍ မည်သူမျှ ဘုရားသခင်၏သေတ္တာတော်ကို မထမ်းရ။ အကြောင်းမူကား ထာဝရဘုရား၏သေတ္တာတော်ကိုထမ်းရန်နှင့် အမှုတော်ကိုအစဉ်ဆောင်ရွက်ရန် သူတို့ကို ထာဝရဘုရား ရွေးချယ်တော်မူပြီ”ဟု မိန့်ဆို၏။
ထိုကွင်းများသည် စားပွဲကိုထမ်းရန်ထမ်းပိုးများလျှိုစရာအဖြစ် ဘောင်နှင့်ကပ်လျက်ရှိရမည်။
အကေရှားသစ်သားဖြင့် ထမ်းပိုးများကိုလုပ်၍ ရွှေဖြင့်မွမ်းမံရမည်။ ထိုထမ်းပိုးများဖြင့် စားပွဲကို ထမ်းရမည်။
ရွှေဖြင့်ခြယ်လှယ်ထားသောအပိုင်း၏အောက်နား၊ ယဇ်ပလ္လင်ဘေးနှစ်ဖက် တစ်ဖက်တစ်ချက်တွင် ရွှေကွင်းနှစ်ကွင်းကိုတပ်ရမည်။ ထိုကွင်းတို့သည် ယဇ်ပလ္လင်ထမ်းရန် ထမ်းပိုးများလျှိုစရာဖြစ်ရမည်။
နုန်၏သားယောရှုသည် ယဇ်ပုရောဟိတ်တို့ကိုခေါ်၍ “သင်တို့သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းသွားရမည်။ သင်တို့တွင် ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်၍ ထာဝရဘုရား၏သေတ္တာတော်ရှေ့မှ သွားရမည်”ဟု မှာကြားလေ၏။