သင်တို့နှင့်အတူရှိသော ငါ၏လူမျိုးထဲမှဆင်းရဲသားကို ငွေချေးပေးလျှင် အတိုးစားသောသူကဲ့သို့ မပြုရ။ သူ့ထံမှ အတိုးမယူရ။
``သင်တို့သည်ငါ၏လူမျိုးတော်ထဲမှဆင်းရဲ သောသူတို့အား ငွေချေးလျှင်၊ ငွေချေးစားသူ ကဲ့သို့အတိုးမယူရ။-
လူ မျိုး တော် ဖြစ် သော သင် နှင့် အ တူ နေ သူ ဆင်း ရဲ သား အား ငွေ ကို ချေး လျှင် မြီ ရှင် မ လုပ် ရ။ ငွေ တိုး လည်း မ ယူ ရ။
ငါ့လူဖြစ်သော ဆင်းရဲသားအိမ်နီးချင်းအား သင်သည်ငွေကိုချေးလျှင်၊ အတိုးစားသောသူကဲ့သို့ သူ၌မပြု၊ အတိုးကိုမတောင်းရ။
ပရောဖက်အဖွဲ့သားများ၏ဇနီးသည်များထဲမှ အမျိုးသမီးတစ်ယောက်က ဧလိရှဲအား “အရှင့်အစေအပါး အကျွန်ုပ်၏ခင်ပွန်း သေဆုံးသွားပါပြီ။ အရှင့်အစေအပါးသည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေကြောင်းကို အရှင်သိပါ၏။ ယခုမှာ ကြွေးရှင်က အကျွန်ုပ်၏သားနှစ်ဦးကို ကျွန်အဖြစ် သိမ်းယူဖို့ လာပါပြီ”ဟု အော်ဟစ်အကူအညီတောင်းလေ၏။
ထိုမိန်းမသည် ဘုရားသခင်၏လူထံသို့လာ၍ပြောပြသောအခါ သူက “ထိုဆီများကို သွားရောင်းပြီး အကြွေးများကို ဆပ်ပါ။ ကျန်ငွေကို သင်နှင့်သင့်သားတို့ အသက်မွေးဖို့ အသုံးပြုပါ”ဟု ဆို၏။
ထိုအကြောင်းကို သေချာတွေးဆကြည့်ပြီးမှ ငါက ခေါင်းဆောင်များ၊ ကြီးကြပ်သူများအား “သင်တို့သည် ကိုယ့်အမျိုးသားချင်းကိုပင် အတိုးစားသူများဖြစ်ကြပါသည်တကား”ဟု ပြစ်တင်ပြောဆိုလျက် အစည်းအဝေးကြီးကို ခေါ်၍
မိမိငွေကို အတိုးဖြင့်ချေးငှားခြင်းမပြု၊ အပြစ်ကင်းသောသူကိုထိခိုက်စေသည့် တံစိုးလက်ဆောင်ကိုလက်မခံသောသူပင်တည်း။ ဤသို့ပြုသောသူသည် မည်သည့်အခါမျှတုန်လှုပ်မည်မဟုတ်။
အတိုးချခြင်းနှင့် အမြတ်ကြီးစားခြင်းဖြင့် မိမိ၏စည်းစိမ်ဥစ္စာကိုတိုးပွားစေသောသူသည် ဆင်းရဲသောသူတို့ကိုသနားတတ်သောသူအတွက် စုဆောင်းနေခြင်းဖြစ်၏။
အို ငါ့မွေးသမိခင်၊ ငါ၌အမင်္ဂလာရှိ၏။ ငါသည် မြေတစ်ပြင်လုံးနှင့်ခိုက်ရန်ဖြစ်ပွားသောသူ၊ အငြင်းပွားသောသူ ဖြစ်ရပါပြီတကား။ ငါသည် သူတို့ကို မချေးငှားပေးဖူးပါ။ သူတို့ထံမှ မချေးယူဖူးပါ။ သို့ရာတွင် သူတို့အားလုံးက ငါ့ကိုကျိန်ဆဲကြပါ၏။
အတိုးဖြင့်ချေးငှား၍အမြတ်ယူခြင်း စသည့် အမှုတစ်စုံတစ်ခုကိုပြုလျှင် သူသည် အသက်ချမ်းသာရာရမည်မဟုတ်။ ထိုသို့သောစက်ဆုပ်ရွံရှာဖွယ်ဟူသမျှတို့ကိုပြုသောကြောင့် သူသည် မုချသေရမည်။ သူ၏သွေးသည် သူ့အပေါ်ကျရောက်မည်။
ဆင်းရဲသားကိုမဖိနှိပ်၊ သူတို့ထံမှ အတိုးအမြတ်မယူ၊ ငါ၏စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်း၍ ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်လျှင် သူသည် မိမိဖခင်၏အပြစ်ကြောင့် သေရမည်မဟုတ်။ အမှန်ပင် အသက်ချမ်းသာရာရလိမ့်မည်။
မည်သူ့ကိုမျှနိုင်ထက်စီးနင်းမပြု၊ ကြွေးယူသူပေါင်ထားသောပစ္စည်းကို ပြန်ပေး၍ သူတစ်ပါးဥစ္စာကို မတရားမယူ၊ ဆာလောင်မွတ်သိပ်သောသူအား စားစရာကိုပေး၍ အဝတ်အချည်းစည်းဖြစ်သောသူအား ဝတ်စရာကိုပေးလျှင်၊
အတိုးဖြင့်မချေးငှား၊ အမြတ်မယူ၊ မတရားမှုကိုရှောင်ကြဉ်လျက် အမှုဖြစ်ပွားသောလူနှစ်ဦးကြားတွင် မျှတစွာစီရင်လျှင်၊
သူတို့သည် တံစိုးလက်ဆောင်ယူ၍ လူအသက်ကို သတ်ကြ၏။ သင်သည် အတိုးအမြတ်ယူ၍ အိမ်နီးချင်း၏ပစ္စည်းကို အနိုင်အထက်လုယူ၏။ ငါ့ကိုလည်း မေ့လျော့လေပြီ’ဟု မိန့်တော်မူ၏။
ယဇ်ပလ္လင်ရှိသမျှတို့၏အနီးတွင် အပေါင်ခံအဝတ်များကို ခင်း၍ လဲလျောင်းနေတတ်ကြ၏။ ဒဏ်ကြေးကောက်သောငွေများဖြင့် စပျစ်ဝိုင်ဝယ်၍ သူတို့ဘုရားဝတ်ကျောင်းတွင် သောက်တတ်ကြ၏။
ငါ၏ငွေကို ငွေတိုးပေးသူလက်၌ အပ်ထားသင့်၏။ သို့ပြုလျှင် ငါပြန်လာသောအခါ ငါ၏ငွေကို အတိုးနှင့်တကွရရှိခဲ့ပေလိမ့်မည်။
အဘယ်ကြောင့် ငါ၏ငွေကို ငွေတိုးပေးသူလက်၌ မအပ်ထားသနည်း။ အပ်ထားလျှင် ငါပြန်လာသောအခါ ၎င်းကို အတိုးနှင့်တကွ ငါရရှိခဲ့ပေလိမ့်မည်’ဟု ဆိုလေ၏။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ရှိမြို့တစ်မြို့၌ နွမ်းပါးသောသင်၏ညီအစ်ကိုတစ်စုံတစ်ယောက်ရှိလျှင် ထိုနွမ်းပါးသောညီအစ်ကိုအပေါ် ကြင်နာစိတ်မကင်းမဲ့နှင့်၊ မတွန့်တိုနှင့်။
သူသည် မိမိအဝတ်ကိုဝတ်အိပ်၍ သင့်ကို ကောင်းချီးတောင်းခံပေးမည့်အကြောင်း သူ၏အပေါင်ခံပစ္စည်းကို နေဝင်သောအခါ ဆက်ဆက်ပြန်ပေးရမည်။ ထိုသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဖြောင့်မတ်သောအမှုဖြစ်၏။