တွင်းပိုင်ရှင်သည် တိရစ္ဆာန်ပိုင်ရှင်အား ငွေအလျော်ပေးရမည်။ သေသောအကောင်ကိုကား သူပိုင်၏။
ထွက်မြောက် 21:35 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ဦး၏နွားသည် မိမိအိမ်နီးချင်း၏နွားကို ဝှေ့သတ်လျှင် ရှင်သောနွားကိုရောင်း၍ ငွေကိုခွဲယူကြရမည်။ သေသောအကောင်ကိုလည်း ခွဲယူကြရမည်။ Common Language Bible လူတစ်ဦး၏နွားကအခြားလူတစ်ဦး၏နွား ကိုဝှေ့သတ်လျှင် အသက်ရှင်သောနွားကိုရောင်း ၍နွားပိုင်ရှင်နှစ်ဦးကငွေကိုခွဲဝေယူရမည်။ နွားသေ၏အသားကိုလည်းခွဲဝေယူရကြ မည်။- Garrad Bible မည် သူ့ နွား မ ဆို တစ် ဦး နွား ကို ဝှေ့၍ သေ လျှင် ရှင် သော နွား ကို ရောင်း၍ အ ဖိုး ကို သ ခင် နှစ် ဦး ခွဲ ယူ ကြ စေ။ နွား သေ ကို လည်း ထက် ဝက် စီ ယူ ကြ စေ။ Judson Bible အကြင်သူ၏နွားသည်၊ သူတစ်ပါး၏နွားကို အသေခွေ့လျှင်၊ နွားရှင်နှစ်ဦးတို့သည်၊ အသက်ရှင်သော နွားကိုရောင်း၍ အဖိုးကိုဝေယူရမည်။ သေသောနွားကိုလည်း ဝေယူရမည်။ |
တွင်းပိုင်ရှင်သည် တိရစ္ဆာန်ပိုင်ရှင်အား ငွေအလျော်ပေးရမည်။ သေသောအကောင်ကိုကား သူပိုင်၏။
သို့ရာတွင် နွားသည် ယခင်ကတည်းက ဝှေ့တတ်သောနွားဖြစ်ကြောင်းသိသော်လည်း ပိုင်ရှင်သည် ထိုနွားကို မထိန်းသိမ်းလျှင် နွားတစ်ကောင်အတွက် နွားတစ်ကောင်ကို မုချအလျော်ပေးရမည်။ သေသောအကောင်ကိုကား သူပိုင်၏။