မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ်ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။
ထွက်မြောက် 21:16 - မြန်မာ့စံမီသမ္မာကျမ်း မည်သူမဆို လူကိုခိုးယူပြီး ရောင်းစားလိုက်သည်ဖြစ်စေ၊ လက်ဝယ်တွေ့ရှိသည်ဖြစ်စေ မုချအသတ်ခံရမည်။ Common Language Bible ``လူတစ်ယောက်ကိုရောင်းစားရန်ဖြစ်စေ၊ မိမိ ထံ၌ကျွန်စေစားရန်ဖြစ်စေအဋ္ဌမ္မဖမ်းဆီး သူအားသေဒဏ်ခံစေရမည်။ Garrad Bible မည် သူ မ ဆို လူ ကို ခိုး ၍ ရောင်း သည် ဖြစ် စေ၊ လက် ငင်း တွေ့ မိ သည် ဖြစ် စေ သေ ဒဏ် ခံ စေ။ Judson Bible လူကိုခိုးသောသူသည်၊ ရောင်းသည်ဖြစ်စေ၊ သူ၏လက်၌ရှိသည်ဖြစ်စေ၊ အသေသတ်ခြင်းကိုအမှန်ခံရမည်။ |
မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ်ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။
အကယ်စင်စစ် အကျွန်ုပ်သည် ဟေဗြဲပြည်မှ အတင်းအကျပ်ခေါ်ဆောင်လာခြင်းခံခဲ့ရပါ၏။ ဤအရပ်၌လည်း အကျွန်ုပ်သည် အမှားတစ်စုံတစ်ရာမပြုခဲ့ဘဲ အကျွန်ုပ်ကို ဤမြေအောက်အကျဉ်းခန်းထဲ၌ထည့်ထားကြပါ၏”ဟု ဆိုလေ၏။
ခိုးယူထားသောနွားဖြစ်စေ၊ မြည်းဖြစ်စေ၊ သိုးဖြစ်စေ သူ့လက်ထဲ၌ အသက်ရှင်လျက် အမှန်တကယ်ပြန်တွေ့လျှင် နှစ်ဆအလျော်ပေးရမည်။
တစ်စုံတစ်ယောက်သည် မိမိအမျိုးသားချင်းဖြစ်သော အစ္စရေးအမျိုးသားတို့ထဲမှ တစ်ယောက်ယောက်ကို ခိုးယူပြီး ထိုသူကို ကျွန်ပြုသည်ဖြစ်စေ၊ ရောင်းစားသည်ဖြစ်စေ ထိုသူခိုးကိုတွေ့လျှင် အသေသတ်ရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။
တရားနှင့်မညီမေထုန်ပြုသူများ၊ လိင်တူဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သောသူများ၊ မမှန်မကန်သက်သေထွက်ဆိုသောသူများနှင့် မှန်ကန်ပြည့်စုံသောဩဝါဒကိုဆန့်ကျင်သည့် အခြားအရာအားလုံးတို့အတွက်ရှိကြောင်းကို ငါတို့သိကြ၏။
သူတို့၏ကုန်ပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်အထည်၊ ပိုးထည်၊ နီမြန်းသောအထည်၊ သစ်မွှေးအမျိုးမျိုး၊ ဆင်စွယ်ပစ္စည်းအမျိုးမျိုး၊ အဖိုးတန်သောသစ်သား၊ ကြေး၊ သံ၊ ကျောက်ဖြူတို့ဖြင့် ပြုလုပ်သောပစ္စည်းအမျိုးမျိုး၊