ထိုအခါ ရှောလမုန်မင်းကြီးမြွက်ဆိုသည်မှာ “တိမ်ထုကြီးထဲတွင် စံမြန်းတော်မူမည်ဟု ထာဝရဘုရားမိန့်ဆိုပြီ။
ထွက်မြောက် 20:21 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ဘုရားသခင်ရှိရာအမှောင်ထုသို့ ချဉ်းကပ်သောအခါ လူတို့သည် အဝေး၌ရပ်နေကြ၏။ Common Language Bible သို့ရာတွင်လူတို့သည်အဝေး၌သာရပ်နေ ကြ၏။ မောရှေကသာလျှင်ဘုရားသခင်ရှိ တော်မူရာ မည်းမှောင်သောတိမ်တိုက်အနီးသို့ ချဉ်းကပ်လေ၏။ Garrad Bible မော ရှေ သည် ဘု ရား သ ခင် ရှိ တော် မူ ရာ တ ခဲ နက် မှောင် အ တိ သို့ ချဉ်း ကပ် သော် လူ မျိုး လည်း အ ဝေး၌ ပင် ရပ် နေ ကြ ၏။ Judson Bible လူများတို့သည်လည်း အဝေး၌ရပ်နေကြ၏။ မောရှေမူကား၊ ဘုရားသခင်ရှိတော်မူရာ ထူထပ်သောမှောင်မိုက်သို့ ချဉ်းကပ်လေ၏။ |
ထိုအခါ ရှောလမုန်မင်းကြီးမြွက်ဆိုသည်မှာ “တိမ်ထုကြီးထဲတွင် စံမြန်းတော်မူမည်ဟု ထာဝရဘုရားမိန့်ဆိုပြီ။
ထိုအခါ ရှောလမုန်မင်းကြီးက “တိမ်ထုကြီးထဲတွင် စံမြန်းတော်မူမည်ဟု ထာဝရဘုရားမိန့်ဆိုပြီ။
အလင်းကို ခြုံထည်ကဲ့သို့လွှမ်းခြုံထား၍ ကောင်းကင်ကို ရွက်ထည်ကဲ့သို့ ဖြန့်ကြက်ထားတော်မူ၏။
ရှေ့တော်ရှိရောင်ခြည်တော်ကြောင့် မိုးသီးနှင့်တောက်လောင်သောမီးခဲများသည် ကိုယ်တော်၏တိမ်တိုက်များကို ဖြတ်ကျော်၍ထွက်လာကြ၏။
ကိုယ်တော်သည် မိုးကောင်းကင်ကို ညွတ်စေ၍ ကြွဆင်းတော်မူ၏။ အမှောင်ထုသည် ခြေတော်အောက်၌ရှိ၏။
မိုးတိမ်နှင့်အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိ၏။ ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်၏။
မောရှေသည် ဘုရားသခင်ထံသို့တက်သွားရာ ထာဝရဘုရားသည် သူ့အား တောင်ပေါ်မှ ခေါ်တော်မူလျက် “သင်သည် ယာကုပ်အမျိုးအနွယ်၊ အစ္စရေးအမျိုးသားတို့အား
ထာဝရဘုရားသည် တောင်ပေါ်၌ မီး၊ မိုးတိမ်နှင့် အမှောင်ထုတို့ထဲမှ ကြီးမားသောအသံဖြင့် လူအစုအဝေးတစ်ရပ်လုံးအား ဤစကားတို့ကို မိန့်တော်မူ၏။ ထို့နောက် ထပ်၍ မိန့်တော်မမူဘဲ ဤစကားတို့ကို ကျောက်ပြားနှစ်ချပ်ပေါ်၌ ရေးသားပြီး ငါ့အား ပေးအပ်တော်မူ၏။
ထိုအချိန်၌ သင်တို့သည် မီးကိုကြောက်၍ တောင်ပေါ်သို့မတက်ဝံ့ကြသောကြောင့် ငါသည် ထာဝရဘုရားနှင့်သင်တို့ကြား၌ ရပ်လျက် ထာဝရဘုရား၏စကားတော်ကို သင်တို့အား ပြန်ပြောပြခဲ့၏။ မိန့်တော်မူသောစကားမှာ
ကိုယ်တော်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းသောအဖြစ်၌ရှိလျက် ချဉ်းကပ်၍မရသောအလင်း၌ ကိန်းဝပ်တော်မူ၏။ လူတို့တွင် မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကိုမမြင်ဖူးသကဲ့သို့ မြင်လည်းမမြင်နိုင်ပေ။ ထိုဘုရားသခင်၌ ဂုဏ်သရေနှင့်ထာဝရတန်ခိုးအရှိန်အဝါရှိတော်မူပါစေသော။ အာမင်။