ယာကုပ်သည် မိမိဦးရီးလာဗန်၏သမီးရာခေလနှင့် ဦးရီးလာဗန်၏သိုးများကိုမြင်သောအခါ ရေတွင်းအနီးသို့သွား၍ တွင်းဝမှကျောက်တုံးကိုလှိမ့်ဖယ်ပြီးလျှင် ဦးရီးလာဗန်၏သိုးများကို ရေတိုက်လေ၏။
ထွက်မြောက် 2:19 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ကလည်း “အီဂျစ်အမျိုးသားတစ်ဦးသည် ကျွန်မတို့ကို သိုးထိန်းတို့လက်မှ ကယ်နုတ်၍ ရေလိုသမျှခပ်ပေးပါ၏။ သိုးဆိတ်တို့ကိုလည်း ရေတိုက်ပေးပါ၏”ဟု ပြန်ပြောကြ၏။ Common Language Bible သူတို့က``အီဂျစ်ပြည်သားတစ်ယောက်က ကျွန်မတို့အား သိုးထိန်းတို့ရန်မှကာကွယ် ပေးသည့်အပြင်ကျွန်မတို့၏သိုးဆိတ်များ အတွက်ရေခပ်၍တိုက်ပါသည်'' ဟုပြန်ဖြေ ကြ၏။ Garrad Bible အိ ဂျစ် ပြည် သား တစ် ယောက် သည် ကျွန် မ တို့ ကို သိုး ထိန်း တို့ လက် မှ ကယ်၍ ရေ ကို လည်း ခပ် ပေး လျက် သိုး ဆိတ် များ ကို တိုက် ပါ သည် ဟု ပြန် ပြော ကြ သည် နှင့်၊ Judson Bible သူတို့ကလည်း၊ အဲဂုတ္တုလူတစ်ယောက်သည် အကျွန်ုပ်တို့ကိုသိုးထိန်းတို့လက်မှ ကယ်နုတ်၍၊ ရေလိုသမျှကိုခပ်သဖြင့်၊ သိုးဆိတ်များကိုရေတိုက်ပါသည်ဟု ပြန်ပြော၏။ |
ယာကုပ်သည် မိမိဦးရီးလာဗန်၏သမီးရာခေလနှင့် ဦးရီးလာဗန်၏သိုးများကိုမြင်သောအခါ ရေတွင်းအနီးသို့သွား၍ တွင်းဝမှကျောက်တုံးကိုလှိမ့်ဖယ်ပြီးလျှင် ဦးရီးလာဗန်၏သိုးများကို ရေတိုက်လေ၏။
ထိုသို့ အာတဒ်ကောက်နယ်တလင်း၌ ငိုကြွေးမြည်တမ်းနေကြသည်ကို ထိုပြည်၌နေထိုင်သောခါနာန်လူမျိုးတို့မြင်ကြသောအခါ သူတို့က “အီဂျစ်လူမျိုးတို့ အော်ဟစ်ငိုကြွေးမြည်တမ်းကြပါသည်တကား”ဟု ဆိုကြ၏။ ထို့ကြောင့် ဂျော်ဒန်မြစ်တစ်ဖက်၌ရှိသောထိုအရပ်ကို အဗေလမိဇရိမ် ဟုအမည်မှည့်ခေါ်ကြ၏။
သူတို့သည် ဖခင်ရွေလထံသို့ ပြန်ရောက်သော် ဖခင်က “ယနေ့ သင်တို့ အဘယ်ကြောင့် စောစောပြန်ရောက်ကြသနည်း”ဟု မေးလေ၏။
ထိုအခါ ဖခင်က မိမိသမီးတို့အား “ထိုသူ အဘယ်မှာရှိသနည်း။ သူ့ကို အဘယ်ကြောင့် ထားခဲ့သနည်း။ အစားအစာစားသောက်ရန် သူ့ကိုသွားခေါ်လော့”ဟု ဆို၏။