အမျိုးသမီးများရေခပ်ဆင်းချိန်ဖြစ်သည့် နေဝင်ချိန်၌ သူသည် မြို့ပြင်ရှိရေတွင်းနားမှာ ကုလားအုတ်တို့ကို ဝပ်စေပြီးလျှင်
ထွက်မြောက် 2:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုအမှုကို ဖာရောမင်းကြီးကြားသိသောအခါ မောရှေကိုသတ်ရန်ရှာကြံသဖြင့် မောရှေသည် ဖာရောမင်းကြီးထံမှ ထွက်ပြေး၍ မိဒျန်ပြည်၌နေထိုင်လေ၏။ သူသည် ရေတွင်းနားမှာ ထိုင်နေစဉ် Common Language Bible ဖာရောဘုရင်သည်ထိုသတင်းကိုကြားရသော အခါ မောရှေအားသတ်ရန်ကြံစည်လေ၏။ သို့ ရာတွင်မောရှေသည်ထွက်ပြေး၍မိဒျန်ပြည် ၌နေထိုင်လေ၏။ တစ်နေ့သ၌မောရှေသည်ရေတွင်းအနီး၌ထိုင် နေစဉ် မိဒျန်ပြည်၌နေထိုင်သောယဇ်ပုရောဟိတ် ယေသရော၏သမီးခုနစ်ယောက်တို့သည် ဖခင် ၏သိုးနှင့်ဆိတ်များအတွက်ရေတွင်းမှရေခပ် ပြီးလျှင် ရေသောက်ခွက်တွင်ရေဖြည့်ရန်လာ ကြ၏။- Garrad Bible ထို အ မှု သ တင်း ကို ဖာ ရော မင်း ကြား သော အ ခါ မော ရှေ ကို ကွပ် မျက် ရန် ရှာ ကြံ သ ဖြင့် မော ရှေ သည် ဖာ ရော မင်း ထံ မှ ထွက် ပြေး၍ မိ ဒျန် ပြည် တွင် နေ ထိုင် ၏။ ရေ တွင်း အ နီး ထိုင် နေ သော အ ခါ၊ Judson Bible ထိုသတင်းကို ဖာရောဘုရင်ကြားသောအခါ၊ မောရှေကိုသတ်ခြင်းငှာ ရှာကြံလေ၏။ မောရှေသည် ဖာရောဘုရင်ထံမှထွက်ပြေး၍၊ မိဒျန်ပြည်သို့ ရောက်လျှင်၊ ရေတွင်းနားမှာထိုင်၍နားနေလေ၏။ |
အမျိုးသမီးများရေခပ်ဆင်းချိန်ဖြစ်သည့် နေဝင်ချိန်၌ သူသည် မြို့ပြင်ရှိရေတွင်းနားမှာ ကုလားအုတ်တို့ကို ဝပ်စေပြီးလျှင်
ထိုမိန်းမသည် အာဗြဟံအတွက် သားဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်နှင့် ရှုအာ တို့ကိုမွေးဖွားပေး၏။
မိဒျန်၏သားများမှာ ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒနှင့် ဧလဒါ တို့ဖြစ်ကြ၏။ ဤသူအပေါင်းတို့သည် ကေတုရ၏သားမြေးများဖြစ်ကြ၏။
ကွင်းပြင်၌ ရေတွင်းတစ်တွင်းကိုမြင်လေ၏။ ရေတွင်းအနီးတွင် သိုးအုပ်သုံးအုပ်လဲလျောင်းနေ၏။ အကြောင်းမှာ သိုးအုပ်တို့ကို ထိုရေတွင်း၌ ရေတိုက်လေ့ရှိကြသောကြောင့်ဖြစ်၏။ ထိုရေတွင်းဝကို ကျောက်တုံးကြီးဖြင့် ပိတ်ထား၏။
သူတို့သည် မိဒျန်ပြည်မှထွက်၍ ပါရန်ပြည်သို့သွား၏။ ထိုမှ ပါရန်အမျိုးသားအချို့ကို သူတို့နှင့်အတူခေါ်၍ အီဂျစ်ပြည်သို့သွားကာ အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ ခိုဝင်ကြ၏။ ဖာရောမင်းကြီးသည် သူတို့အား နေစရာအိမ်ကိုပေးကာ အစားအစာများကို ထောက်ပံ့၍ မြေကိုလည်းပေး၏။
နောက်သားတစ်ယောက်၏အမည်မှာ “ငါ့အဖ၏ဘုရားသခင်သည် ငါ့ကိုကူညီမစသောအရှင်ဖြစ်၍ ငါ့ကို ဖာရောမင်းကြီး၏ဓားဘေးမှ ကယ်နုတ်တော်မူပြီ”ဟု ဆိုလျက် ဧလျေဇာ ဟုမှည့်ခေါ်ထား၏။
ထာဝရဘုရားက “အီဂျစ်ပြည်သို့ပြန်သွားလော့။ အကြောင်းမူကား သင်၏အသက်ကိုရန်ရှာသောသူအပေါင်းတို့သည် သေလွန်ကြပြီ”ဟု မောရှေအား မိဒျန်ပြည်၌ မိန့်တော်မူ၏။
ဆင်ခြင်ဉာဏ်ရှိသောသူသည် ဘေးအန္တရာယ်ကိုမြင်၍ ပုန်းရှောင်တတ်၏။ အသိပညာနည်းပါးသောသူမူကား ဆက်သွား၍ အပြစ်ဒဏ်ခံရတတ်၏။
ကုရှန်ပြည်၏တဲတို့သည် စုတ်ပြတ်၍ မိဒျန်ပြည်၏ရွက်ထည်တို့သည် လှုပ်ခတ်နေသည်ကို ငါမြင်ရ၏။
မြို့တစ်မြို့တွင် သင်တို့ကိုညှဉ်းဆဲကြသောအခါ အခြားတစ်မြို့သို့ ထွက်ပြေးကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား အစ္စရေးမြို့များကို သင်တို့အနှံ့မရောက်မီ လူ့သားသည်ကြွလာလိမ့်မည်။
ထိုအရပ်၌ ယာကုပ်၏ရေတွင်းရှိလေရာ ယေရှုသည် ခရီးပန်းသဖြင့် ထိုရေတွင်းနားမှာထိုင်နေတော်မူ၏။ အချိန်ကား မွန်းတည့်ချိန်ခန့်ဖြစ်၏။
မောရှေသည် ထိုစကားကိုကြားလျှင် ထွက်ပြေး၍ မိဒျန်ပြည်တွင် ဧည့်သည်အဖြစ်နေထိုင်ကာ ထိုပြည်၌ သားနှစ်ယောက်ရခဲ့၏။
သူသည် မမြင်ရသောအရှင်ကိုမြင်နေရသကဲ့သို့ သည်းခံတည်ကြည်ခဲ့သည်ဖြစ်၍ ရှင်ဘုရင်၏ပြင်းစွာသောဒေါသကိုပင်မကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် အီဂျစ်ပြည်ကိုစွန့်ခွာခဲ့၏။