ထွက်မြောက် 18:4 - မြန်မာ့စံမီသမ္မာကျမ်း4 နောက်သားတစ်ယောက်၏အမည်မှာ “ငါ့အဖ၏ဘုရားသခင်သည် ငါ့ကိုကူညီမစသောအရှင်ဖြစ်၍ ငါ့ကို ဖာရောမင်းကြီး၏ဓားဘေးမှ ကယ်နုတ်တော်မူပြီ”ဟု ဆိုလျက် ဧလျေဇာ ဟုမှည့်ခေါ်ထား၏။ အခန်းကိုကြည့်ပါ။Common Language Bible4 တစ်ဖန်``ငါ့အဖ၏ထာဝရဘုရားသည်ငါ့ ကိုအီဂျစ်ဘုရင်၏ဋ္ဌားဘေးမှကယ်တင်တော် မူ၏'' ဟုဆို၍အခြားသောသားတစ်ယောက် ကိုဧလျေဇာဟုနာမည်ပေးခဲ့၏။-) အခန်းကိုကြည့်ပါ။Judson Bible4 သားတစ်ယောက်ကား၊ ဧလျေဇာအမည်ရှိ၏။ အကြောင်းမူကား၊ ငါ့ဘိုးဘေးတို့၏ ဘုရားသခင်သည် ငါ့ကိုမစ၍ ဖာရောဘုရင်၏ဓားမှ ကယ်လွှတ်တော်မူပြီဟု ဆိုသတည်း။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့တို့၏နှုတ်ကိုပိတ်ထားသဖြင့် ခြင်္သေ့တို့သည် အကျွန်ုပ်ကို အန္တရာယ်မပြုပါ။ အကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းကြောင်း ထင်ရှားပါ၏။ အရှင်မင်းကြီးရှေ့တွင်လည်း မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့ပါ”ဟု ပြန်လျှောက်လေ၏။
သင့်ဖခင်၏ဘုရားသခင်သည် သင့်ကို ကူညီမစတော်မူမည်။ အနန္တတန်ခိုးရှင်သည် သင့်အား အထက်မိုးကောင်းကင်၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း၊ အောက်အရပ်၌ဝပ်နေသည့်နက်ရှိုင်းသောရေထု၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း၊ သားမြတ်နှင့်သားအိမ်တို့၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း ကောင်းချီးပေးတော်မူမည်။