အာရုန်အား “အိုးတစ်လုံးကိုယူလော့။ ထိုအထဲ၌ မန္နမုန့်တစ်ဩမဲအပြည့်ထည့်ပြီးလျှင် သင်တို့၏မျိုးဆက်အစဉ်အဆက်အတွက် ထိန်းသိမ်းရန် ထာဝရဘုရားရှေ့တော်၌ ထားလော့”ဟု ဆိုလေ၏။
ထိုနောက်မောရှေကအာရုန်ကို``မန္နမုန့်တစ် ပြည်ကိုအိုးတစ်လုံးတွင်ထည့်၍ ငါတို့ ၏နောင်လာနောက်သားများအတွက် ထာဝရဘုရား၏ရှေ့တော်၌ထားလော့'' ဟုဆို၏။-
တစ် ဖန် အာ ရုန် အား၊ အိုး တစ် လုံး ကို ယူ၍ မ န္န မုန့် တစ် သြ မဲ ပြည့် ထည့် ပြီး လျှင် သင် တို့ အ မျိုး အ စဉ် အ ဆက် စောင့် ထိန်း စေ ခြင်း ငှါ ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် သို ထား လော့ ဟု ဆို ၏။
တစ်ဖန်အာရုန်ကိုလည်း၊ အိုးတစ်လုံးကိုယူ၍ မန္နတစ်ဩမဲကိုအပြည့်ထည့်ပြီးလျှင်၊ သင်တို့လူမျိုးအစဉ်အဆက်ဖို့စောင့်စေခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ သိုထားလော့ဟုဆို၍၊
မောရှေက “ထာဝရဘုရားသည် သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာသောအခါ တောကန္တာရထဲ၌ သင်တို့အား ကျွေးမွေးခဲ့သောမုန့်ကို သင်တို့၏မျိုးဆက်အစဉ်အဆက်သိမြင်နိုင်ရန် သူတို့အတွက် ထိုမုန့်ကို တစ်ဩမဲအပြည့် သိမ်းထားရမည်။ ဤသည်ကား ထာဝရဘုရားမိန့်မှာတော်မူသောအရာဖြစ်သည်”ဟု ဆိုပြီး
၎င်းထဲတွင် နံ့သာပေါင်းမီးရှို့ရာရွှေယဇ်ပလ္လင်နှင့် မျက်နှာပြင်အဘက်ဘက်၌ ရွှေဖြင့်မွမ်းမံထားသောပဋိညာဉ်သေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နမုန့်ထည့်ထားသည့်ရွှေအိုး၊ အဖူးထွက်သောအာရုန်၏တောင်ဝှေးနှင့် ပဋိညာဉ်ကျောက်ပြားတို့ရှိ၏။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဝှက်ထားသောမန္နကို ငါပေးမည်။ ဖြူသောကျောက်ကိုလည်း ငါပေးမည်။ ထိုကျောက်ပေါ်၌ ၎င်းကိုခံယူရရှိသူမှတစ်ပါး မည်သူမျှမသိသော နာမည်အသစ်ကိုရေးထား၏။