Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 16:32 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 မောရှေ​က “​ထာဝရဘုရား​သည် သင်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​သောအခါ တောကန္တာရ​ထဲ၌ သင်​တို့​အား ကျွေးမွေး​ခဲ့​သော​မုန့်​ကို သင်​တို့​၏​မျိုးဆက်​အစဉ်အဆက်​သိမြင်​နိုင်​ရန် သူ​တို့​အတွက် ထို​မုန့်​ကို တစ်​ဩမဲ​အပြည့် သိမ်းထား​ရ​မည်​။ ဤသည်ကား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​အရာ​ဖြစ်​သည်​”​ဟု ဆို​ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ရာ​၌ တော​ကန္တာ​ရ တွင်​ငါ​တို့​အား​ကျွေး​မွေး​တော်​မူ​သော​မန္န မုန့်​ကို ငါ​တို့​၏​နောင်​လာ​နောက်​သား​များ တွေ့​မြင်​နိုင်​စေ​ရန် မန္န​မုန့်​အ​နည်း​ငယ်​ကို သိမ်း​ဆည်း​ထား​ရ​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်'' ဟု​ဆို​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 မော ရှေ လည်း၊ သင် တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် သော အ ခါ သဲ တော၌ ငါ ကျွေး သော မုန့် ကို သင် တို့ အ မျိုး အ စဉ် အ ဆက် မြင် ရ စေ ခြင်း ငှါ တစ် သြ မဲ ပြည့် သို ထား ကြ လော့ ဟူ သော ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို ဆင့် ဆို လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 မော​ရှေ​က​လည်း၊ သင်​တို့​ကို​အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သော​အ​ခါ၊ တော၌ သင်​တို့​အား​ကျွေး​သော​မုန့်​ကို၊ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် မြင်​စေ​ခြင်း​ငှာ၊ သူ​တို့​အ​ဖို့​သို​ထား​ရ​သော ဩ​မဲ​တစ်​ဩ​မဲ​ကို ဖြည့်​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 16:32
11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​အစေအပါး အာဗြဟံ​၏​အမျိုးအနွယ်​၊ ကိုယ်တော်​ရွေးကောက်​တော်မူ​သော ယာကုပ်​၏​သားသမီး​တို့​၊ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို​လည်းကောင်း​၊ ပြု​တော်မူ​သော​တန်ခိုးလက္ခဏာ​များ​နှင့် နှုတ်​တော်​ထွက်​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်းကောင်း အောက်မေ့​ကြ​လော့​။


ထာဝရဘုရား​က ‘​တစ်ဦးစီ​စား​နိုင်​သလောက် ကောက်ယူ​ကြ​လော့​။ သင်​တို့​၏​လူ​အရေအတွက်​အလိုက် မိမိ​တဲ​၌​ရှိ​သော​သူ​တစ်ဦးစီ​အတွက် တစ်ယောက်​တစ်​ဩမဲ​စီ ယူ​ကြ​ရ​မည်​’​ဟူ၍ မိန့်​တော်မူ​၏​”​ဟု ဆို​လေ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် ထို​မုန့်​၏​အမည်​ကို မန္န​ဟု​ခေါ်​ကြ​၏​။ နံနံ​စေ့​နှင့်​တူ​ပြီး အဖြူရောင်​ဖြစ်​၏​။ အရသာ​ကား ပျားရည်​ပါ​သော​မုန့်ကြွပ်ပြား​နှင့်​တူ​၏​။


အာရုန်​အား “​အိုး​တစ်​လုံး​ကို​ယူ​လော့​။ ထို​အထဲ​၌ မန္နမုန့်​တစ်​ဩမဲ​အပြည့်​ထည့်​ပြီးလျှင် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက်​အတွက် ထိန်းသိမ်း​ရန် ထာဝရဘုရား​ရှေ့​တော်​၌ ထား​လော့​”​ဟု ဆို​လေ​၏​။


သို့သော် သူ​တို့​အား ‘​ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ငါ​သည် သင်​တို့​၏​ဘုရား​ဖြစ်​မည်​။ သင်​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​ပညတ်​သော​နည်းလမ်း​ရှိသမျှ​တို့​ကို သင်​တို့​လိုက်လျှောက်​လျှင် သင်​တို့​ကောင်းစား​ကြ​ရ​မည်​’ ဟူသော​စကား​ကို​ကား ငါ​မိန့်မှာ​ခဲ့​၏​။


ငါ​သည် သူ​တို့​ကို ကရုဏာ​ကြိုး​၊ မေတ္တာ​ကြိုး​ဖြင့် ဆွဲခေါ်​ခဲ့​၏​။ သူ​တို့​မေးရိုး​မှ နဖားကြိုး​ကို ဖယ်ရှား​ပေး​ခဲ့​၏​။ ကိုယ်​ကို​ညွှတ်​၍ သူ​တို့​ကို အစာကျွေး​ခဲ့​၏​။


တစ်ဖန် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက်“ဤ​မုန့်​ကား သင်​တို့​အတွက်​စွန့်​သော ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်မေ့​ဖို့ရန် ဤသို့​ပြု​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ထို့ကြောင့် ငါ​တို့​သည် လွဲချော်​မ​သွား​ကြ​စေရန် ကြား​ရ​သော​အရာ​တို့​ကို အထူး​အာရုံစိုက်​ကြ​ရ​မည်။


၎င်း​ထဲတွင် နံ့သာပေါင်း​မီးရှို့​ရာ​ရွှေ​ယဇ်ပလ္လင်​နှင့် မျက်နှာပြင်​အဘက်ဘက်​၌ ရွှေ​ဖြင့်​မွမ်းမံ​ထား​သော​ပဋိညာဉ်​သေတ္တာ​ရှိ​၏။ ထို​သေတ္တာ​၌ မန္န​မုန့်​ထည့်​ထား​သည့်​ရွှေ​အိုး၊ အဖူး​ထွက်​သော​အာရုန်​၏​တောင်ဝှေး​နှင့် ပဋိညာဉ်​ကျောက်ပြား​တို့​ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ