သို့သော် သူတို့သည် နားမထောင်ကြ။ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုပင် မယုံကြည်သောဘိုးဘေးတို့ ခေါင်းမာသကဲ့သို့ သူတို့လည်း ခေါင်းမာကြ၏။
ထွက်မြောက် 16:28 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားက မောရှေအား “သင်တို့သည် ငါ၏ပညတ်တော်နှင့် ဥပဒေသများကို မည်သည့်အချိန်ထိ မစောင့်ထိန်းဘဲ နေကြမည်နည်း။ Common Language Bible ထိုအခါထာဝရဘုရားကမောရှေအား``သင် တို့သည် ငါ၏ပညတ်များကိုမည်မျှလောက် ကြာအောင်မလိုက်နာဘဲနေကြမည်နည်း။- Garrad Bible ထာ ဝ ရ ဘု ရား က လည်း၊ ငါ့ မိန့် မှာ ချက်၊ ဥ ပ ဒေ ချက် များ ကို မည် မျှ ကြာ မ စောင့် ရှောက် ဘဲ ငြင်း ဆို ကြ အံ့ နည်း။ Judson Bible ထာဝရဘုရားကလည်း၊ သင်တို့သည်ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြလိမ့်မည်နည်း။ |
သို့သော် သူတို့သည် နားမထောင်ကြ။ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုပင် မယုံကြည်သောဘိုးဘေးတို့ ခေါင်းမာသကဲ့သို့ သူတို့လည်း ခေါင်းမာကြ၏။
ပြဋ္ဌာန်းချက်များ၊ ဘိုးဘေးတို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်များ၊ သူတို့အား ပြတော်မူသောသက်သေခံချက်များကို စွန့်ပယ်ကြ၏။ မိမိတို့ဝန်းကျင်ရှိလူမျိုးခြားတို့နောက်သို့မလိုက်ရ၊ သူတို့ကဲ့သို့မပြုရဟု ထာဝရဘုရားမိန့်တော်မူလျက်နှင့် သူတို့သည် အချည်းနှီးသောအရာများနောက်သို့လိုက်ပြီး အချည်းနှီးသောသူများဖြစ်ကြ၏။
သို့သော် သူတို့သည် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို အလျင်အမြန်မေ့လျော့ကြ၏။ ကိုယ်တော်၏အကြံဉာဏ်ကိုလည်း မစောင့်မျှော်ဘဲ
သူတို့သည် ဘုရားသခင်၏ပဋိညာဉ်တော်ကို မစောင့်ထိန်းကြ။ တရားတော်အတိုင်းလျှောက်လှမ်းရန်လည်း ငြင်းဆန်ကြ၏။
အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုမယုံကြည်ကြ။ ကိုယ်တော်၏ကယ်တင်ခြင်းကိုလည်း ယုံကြည်ကိုးစားခြင်းမရှိကြ။
မောရှေနှင့်အာရုန်တို့သည်လည်း ဖာရောမင်းကြီးထံသို့ဝင်၍ “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် ငါ့ရှေ့၌ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘဲ မည်မျှကြာအောင်တင်းခံနေမည်နည်း။ ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
ငါထာဝရဘုရားသည် သင်တို့အား ဥပုသ်နေ့ကို သတ်မှတ်ပေးတော်မူပြီ။ ထို့ကြောင့် ဆဋ္ဌမနေ့၌ သင်တို့အား မုန့်ကို နှစ်ရက်စာပေးတော်မူ၏။ လူတိုင်းမိမိနေရာ၌နေကြလော့။ သတ္တမနေ့၌ မည်သူမျှ မိမိနေရာမှမထွက်သွားကြနှင့်”ဟု မိန့်တော်မူ၏။
ထိုအခါ ဟေရှာယက “ဒါဝိဒ်အမျိုးအနွယ်တို့၊ နားထောင်လော့။ သင်တို့သည် လူတို့ကိုစိတ်ပင်ပန်းစေသည်မှာ နည်းသေး၍ ငါ၏ဘုရားသခင်ကိုပါ စိတ်ပင်ပန်းစေကြမည်လော။
ဧဖရိမ်ပြည်၏ဦးခေါင်းသည် ရှမာရိမြို့၊ ရှမာရိမြို့၏ဦးခေါင်းသည် ရေမလိ၏သားဖြစ်၏။ သင်တို့၌ ယုံကြည်ခြင်းမရှိလျှင် သင်တို့တည်မြဲလိမ့်မည်မဟုတ်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
အို ဂျေရုဆလင်မြို့၊ ကယ်တင်ခြင်းခံရရန် ဆိုးညစ်သောသင်၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေလော့။ ယုတ်ညံ့သောအကြံအစည်များကို သင့်စိတ်ထဲ၌ မည်မျှကြာအောင် ရှိနေစေမည်နည်း။
သင်သည် လိမ်လည်လှည့်ဖြားမှုအလယ်၌ နေထိုင်၏။ သူတို့သည် လိမ်လည်လှည့်ဖြားကြ၏။ ငါ့ကို အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သို့သော် အစ္စရေးအမျိုးသည် တောကန္တာရတွင် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်း အလွန်ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ့ဒေါသကို သူတို့အပေါ်သွန်ချ၍ သူတို့ကို ဖျက်ဆီးပစ်မည်ဟု ငါမိန့်ဆိုခဲ့၏။
သူတို့သည် ရုပ်တုများနောက်သို့ စိတ်ပါသွားကြသောကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေကြ၏။
သို့သော် သူသည် ဆိုးယုတ်သောအမှုကိုပြုလျက် လူမျိုးတကာတို့ထက် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို သာ၍ဖီဆန်ကြ၏။ သူ့ဝန်းကျင်ရှိ တိုင်းနိုင်ငံများထက် ငါ့ပြဋ္ဌာန်းချက်တို့ကို သာ၍ဖီဆန်ကြ၏။ စင်စစ် သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်နာဘဲနေကြ၏’ဟု မိန့်တော်မူ၏။
ထာဝရဘုရားက မောရှေအား “ဤလူမျိုးသည် ငါ့ကို မည်မျှကြာအောင် မထီလေးစားပြုကြမည်နည်း။ သူတို့တွင် ငါပြခဲ့သောနိမိတ်လက္ခဏာအလုံးစုံတို့ကို သူတို့မြင်ရသော်လည်း ငါ့ကို မည်မျှကြာအောင် မယုံကြည်ဘဲနေကြမည်နည်း။
သို့သော် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “သင်တို့သည် ငါ့ကိုမယုံကြည်၊ အစ္စရေးအမျိုးသားတို့၏ရှေ့၌ ငါသန့်ရှင်းကြောင်း အသိအမှတ်မပြုကြသောကြောင့် သင်တို့သည် ဤလူအစုအဝေးတို့အား ငါပေးသောပြည်သို့ သူတို့ကို ပို့ဆောင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“အို ယုံကြည်ခြင်းမရှိသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူ့ကိုငါ့ထံသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။