သူတို့ရှေ့၌ပင် ကိုယ်တော်သည် ပင်လယ်ကိုခွဲတော်မူ၍ ပင်လယ်အလယ် ခြောက်သွေ့သောမြေပေါ်တွင် သူတို့ကို ဖြတ်ကူးစေ၏။ သူတို့ကို လိုက်သောသူတို့အား ကျောက်တုံးကို ရေနက်ထဲပစ်ချသကဲ့သို့ ပင်လယ်နက်ထဲသို့ပစ်ချတော်မူ၏။
ထွက်မြောက် 14:27 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မောရှေသည် မိမိ၏လက်ကို ပင်လယ်အပေါ်သို့ဆန့်လိုက်၏။ မိုးလင်းချိန်၌ ပင်လယ်သည် ပုံမှန်အတိုင်း ပြန်၍စီးဆင်း၏။ အီဂျစ်လူမျိုးတို့သည် စီးလာသောရေမှ ထွက်ပြေးကြစဉ်တွင်ပင် ထာဝရဘုရားသည် အီဂျစ်လူမျိုးတို့ကို ပင်လယ်ထဲ၌ လှဲချတော်မူ၏။ Common Language Bible သို့ဖြစ်၍မောရှေသည်ပင်လယ်ပေါ်သို့လက် ကိုဆန့်သဖြင့် နံနက်မိုးလင်းသည့်အခါရေ သည်ပုံမှန်အတိုင်းပြန်လည်စီးလေ၏။ ရေ ပြန်တက်လာစဉ်အီဂျစ်အမျိုးသားတို့သည် ထွက်ပြေးကြသော်လည်း ထာဝရဘုရား သည်သူတို့အားပင်လယ်ထဲ၌နစ်မြုပ်စေ တော်မူ၏။- Garrad Bible မော ရှေ လက် ဆန့် သ ဖြင့် အ ရုဏ် တက် အ ချိန် ပင် လယ် ရေ စီး မြဲ စီး ပြန်၍ အိ ဂျစ် လူ တို့ ဖြတ် ပြေး ကြ သော် လည်း ပင် လယ် အ လယ် တွင် ထာ ဝ ရ ဘု ရား ဖြို လှဲ တော် မူ ၏။ Judson Bible မိုးလင်းသောအခါ၊ မောရှေသည်လက်ကို ပင်လယ်ပေါ်မှာဆန့်သဖြင့်၊ ပင်လယ်ရေသည် အားကြီး၍ပြန်လာသည်ကို၊ အဲဂုတ္တုလူတို့သည် ပြေးကြသော်လည်း၊ ထာဝရဘုရားသည် သူတို့ကို ပင်လယ်အလယ်၌လှဲတော်မူ၏။ |
သူတို့ရှေ့၌ပင် ကိုယ်တော်သည် ပင်လယ်ကိုခွဲတော်မူ၍ ပင်လယ်အလယ် ခြောက်သွေ့သောမြေပေါ်တွင် သူတို့ကို ဖြတ်ကူးစေ၏။ သူတို့ကို လိုက်သောသူတို့အား ကျောက်တုံးကို ရေနက်ထဲပစ်ချသကဲ့သို့ ပင်လယ်နက်ထဲသို့ပစ်ချတော်မူ၏။
ရေသည် သူတို့၏ရန်သူများကိုဖုံးလွှမ်းသဖြင့် ရန်သူထဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သူတစ်ဦးမျှမရှိပေ။
ဖာရောမင်းကြီးနှင့်သူ၏တပ်ကိုမူကား ပင်လယ်နီထဲ၌ လှဲချတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာပို့ဆောင်တော်မူသဖြင့် သူတို့သည် မကြောက်ကြရပေ။ သို့သော် ပင်လယ်ရေသည် သူတို့၏ရန်သူများကို ဖုံးလွှမ်းခဲ့၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် မိဒျန်လူမျိုးတို့ကို ဩရဘကျောက်နား၌ဒဏ်ခတ်သကဲ့သို့ သူတို့ကို ကျာပွတ်နှင့်ရိုက်တော်မူမည်။ အီဂျစ်လူမျိုးကိုပြုသကဲ့သို့ ပင်လယ်ပေါ်တွင် တောင်ဝှေးတော်ကို မြှောက်ထားတော်မူမည်။
အီဂျစ်စစ်သည်များ၊ မြင်းများ၊ စစ်ရထားများအား သင်တို့နောက်မှ လိုက်လာသောအခါ ထာဝရဘုရားသည် သူတို့ကို ပင်လယ်နီရေဖြင့်လွှမ်းမိုးစေ၍ ဖျက်ဆီးတော်မူခဲ့ပုံ၊
အစ္စရေးအမျိုးသားတို့သည် ယုံကြည်ခြင်းအားဖြင့် ပင်လယ်နီကို ခြောက်သွေ့သောမြေကဲ့သို့ဖြတ်သွားကြ၏။ ထိုနည်းတူပြုရန် ကြံစည်အားထုတ်သောအီဂျစ်အမျိုးသားတို့သည် နစ်မြုပ်ကြကုန်၏။
ထိုအခါ သူတို့သည် ထာဝရဘုရားထံအော်ဟစ်တောင်းလျှောက်ကြသဖြင့် ငါသည် သင်တို့နှင့်အီဂျစ်လူမျိုးတို့ကြား၌ အမှောင်ထု ခြားစေ၏။ အီဂျစ်လူမျိုးတို့ကို ပင်လယ်ရေလွှမ်းမိုးသွားစေ၏။ အီဂျစ်လူမျိုးတို့အား ငါ ဒဏ်ခတ်ခဲ့သည်ကို သင်တို့ကိုယ်တိုင်မျက်စိဖြင့်မြင်ခဲ့ကြ၏။ ထို့နောက်မှ သင်တို့သည် တောကန္တာရ၌ ကာလကြာမြင့်စွာနေထိုင်ကြရ၏။
ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထမ်းရသော ယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်အလယ်မှတက်လာ၍ ကုန်းမြေပေါ်တွင် ခြေချလိုက်သည်နှင့် ဂျော်ဒန်မြစ်ရေသည် ပြန်စီးလာ၍ ယခင်ကကဲ့သို့ ကမ်းတစ်လျှောက်လုံး ရေလျှံလေ၏။