ထာဝရဘုရားက ‘အာဟပ်မင်းကြီးသည် ရာမုတ်ဂိလဒ်မြို့ကိုချီတက်ပြီး ကျဆုံးသွားအောင် မည်သူဖြားယောင်းမည်နည်း’ဟု မေးတော်မူလျှင် တစ်ပါးက ဤသို့ဟု လျှောက်တင်၏။ နောက်တစ်ပါးက ထိုသို့ဟု လျှောက်တင်၏။
ထွက်မြောက် 14:23 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်လူမျိုးတို့နှင့်တကွ ဖာရောမင်းကြီး၌ရှိသမျှသောမြင်း၊ စစ်ရထားနှင့် မြင်းစီးသူရဲတို့သည်လည်း သူတို့၏နောက်မှလိုက်၍ ပင်လယ်ထဲသို့ဝင်ကြ၏။ Common Language Bible အီဂျစ်ဘုရင်၏စစ်တပ်၊ ရထားတပ်၊ မြင်းတပ် တို့သည်ဣသရေလအမျိုးသားတို့နောက် သို့ဆင်းလိုက်ကြ၏။- Garrad Bible ဖာ ရော မင်း၏ စစ် မြင်း၊ စစ် ရ ထား၊ မြင်း စီး သူ ရဲ စ သော အိ ဂျစ် တပ် အ ပေါင်း တို့ လိုက် လံ၍ ပင် လယ် ထဲ သို့ ဝင် ကြ ရာ၊ Judson Bible အဲဂုတ္တုလူများ၊ ဖာရောဘုရင်၌ပါသော မြင်း၊ ရထား၊ မြင်းစီးသူရဲအပေါင်းတို့သည်၊ ပင်လယ်အလယ်သို့လိုက်ဝင်ကြ၏။ |
ထာဝရဘုရားက ‘အာဟပ်မင်းကြီးသည် ရာမုတ်ဂိလဒ်မြို့ကိုချီတက်ပြီး ကျဆုံးသွားအောင် မည်သူဖြားယောင်းမည်နည်း’ဟု မေးတော်မူလျှင် တစ်ပါးက ဤသို့ဟု လျှောက်တင်၏။ နောက်တစ်ပါးက ထိုသို့ဟု လျှောက်တင်၏။
ငါသည် အီဂျစ်လူမျိုးတို့၏စိတ်နှလုံးကို မာကျောစေသဖြင့် သူတို့သည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်ကြလိမ့်မည်။ ထိုအခါ ငါသည် ဖာရောမင်းကြီးမှစ၍ သူ၏စစ်သည်ရှိသမျှ၊ သူ၏စစ်ရထားများ၊ သူ၏မြင်းစီးသူရဲများအားဖြင့် ဘုန်းထင်ရှားလိမ့်မည်။
ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်လိမ့်မည်။ ဖာရောမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့အားဖြင့် ငါ၏ဘုန်းထင်ရှားလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်ဆိုတော်မူ၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
ဖာရောမင်းကြီး၏မြင်းများနှင့်အတူ စစ်ရထားများ၊ မြင်းစီးသူရဲများသည် ပင်လယ်ထဲသို့ဝင်ကြသောအခါ ထာဝရဘုရားသည် ပင်လယ်ရေကို သူတို့အပေါ်သို့ ပြန်စီးလာစေတော်မူ၏။ အစ္စရေးအမျိုးသားတို့မူကား ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင် လျှောက်သွားရ၏။
ရန်သူက ‘ငါလိုက်မည်။ သူတို့ကို ငါမီမည်။ တိုက်ယူသောပစ္စည်းကိုခွဲဝေ၍ ငါ့စိတ်အလိုပြည့်မည်။ ငါ့ဓားကိုထုတ်၍ သူတို့ကို ငါ့လက်ဖြင့် ဖျက်ဆီးမည်’ဟု ဆိုသောအခါ
အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။