ထို့ပြင် သူတို့အား နေ့အချိန်၌ မိုးတိမ်တိုင်ဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင် အလင်းရဖို့ မီးတိုင်ဖြင့်လည်းကောင်း ပို့ဆောင်တော်မူ၏။
ထွက်မြောက် 13:22 - မြန်မာ့စံမီသမ္မာကျမ်း နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်ကို လူတို့၏ရှေ့မှ ရုပ်သိမ်းတော်မမူပေ။ Common Language Bible နေ့အချိန်၌မိုးတိမ်တိုင်၊ ညအချိန်၌မီး တိုင်သည်သူတို့ရှေ့ကအစဉ်မပြတ်သွား လေ၏။ Garrad Bible နေ့ အ ချိန်၌ တိမ် တိုင်၊ ညဉ့် အ ချိန် ၌ မီး တိုင် ကို သူ တို့ ရှေ့ မှ ရုပ် သိမ်း တော် မ မူ။ Judson Bible နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ။ |
ထို့ပြင် သူတို့အား နေ့အချိန်၌ မိုးတိမ်တိုင်ဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင် အလင်းရဖို့ မီးတိုင်ဖြင့်လည်းကောင်း ပို့ဆောင်တော်မူ၏။
ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် သူတို့ကိုတောကန္တာရတွင် စွန့်ပစ်တော်မမူ။ နေ့အချိန်၌ သူတို့ကို လမ်းခရီးတွင်ပို့ဆောင်ရန် မိုးတိမ်တိုင်ကိုသူတို့ရှေ့မှမဖယ်ရှား၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင်လည်း အလင်းရရှိရန် မီးတိုင်ဖြင့် ပို့ဆောင်တော်မူ၏။
အစ္စရေးတပ်ရှေ့မှသွားသောဘုရားသခင်၏ကောင်းကင်တမန်သည် သူတို့နောက်သို့ပြောင်း၍လိုက်လေ၏။ မိုးတိမ်တိုင်သည်လည်း သူတို့၏ရှေ့မှ နောက်သို့ပြောင်း၍ ရပ်လေ၏။
ခရီးလမ်းတစ်လျှောက်လုံးတွင် ထာဝရဘုရား၏မိုးတိမ်သည် နေ့အချိန်တွင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ရှိ၍ ညအချိန်တွင် မိုးတိမ်ထဲ၌ မီးလင်းနေသည်ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်ရ၏။
ထာဝရဘုရားသည် ဇိအုန်တောင်၏ဓမ္မစည်းဝေးရာနေရာမှစ၍ ထိုတောင်၏နေရာအနှံ့တွင် နေ့အချိန်၌ မိုးတိမ်နှင့်မီးခိုးကိုလည်းကောင်း၊ ညအချိန်၌ တောက်ပသောမီးလျှံကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူမည်။ အကယ်စင်စစ် ဘုန်းအသရေရှိသမျှတို့အပေါ်၌ မျက်နှာကြက်ရှိမည်။
ကိန်းဝပ်တော်မူရာတဲတော်ကိုတည်သောနေ့၌ မိုးတိမ်သည် ကိန်းဝပ်တော်မူရာတဲတော်ဖြစ်သော သက်သေခံချက်တဲတော်ကို ဖုံးလွှမ်းလေ၏။ ထိုမိုးတိမ်သည် နေဝင်ချိန်မှ နံနက်တိုင်အောင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ မီးသဏ္ဌာန်ကဲ့သို့ တည်နေ၏။
ထို့နောက် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ကိုခြုံလျက် ကောင်းကင်မှဆင်းလာသည်ကို ငါမြင်ရ၏။ သူ၏ဦးခေါင်းပေါ်တွင် သက်တံရှိ၍ သူ၏မျက်နှာသည် နေကဲ့သို့ဖြစ်ပြီး သူ၏ခြေသည် မီးလျှံတိုင်ကဲ့သို့ဖြစ်၏။