သူတို့သည် ကိုယ်တော်၏ကြီးမားသောတန်ခိုးတော်၊ အားကြီးသောလက်တော်ဖြင့် ရွေးနုတ်တော်မူသော ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏လူမျိုးတော် ဖြစ်ပါ၏။
ထွက်မြောက် 13:16 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူသောကြောင့် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌ အမှတ်သင်္ကေတအဖြစ် ရှိရမည်”ဟု ပြောကြားလေ၏။ Common Language Bible ထာဝရဘုရားသည်မဟာတန်ခိုးတော် ဖြင့် ငါတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ ခြင်းကြောင့် ဤပွဲတော်သည်သင်၏လက်သို့ မဟုတ်သင်၏နဖူးပေါ်တွင်ချည်ထားသော အမှတ်လက္ခဏာသဖွယ် သင်တို့အားသတိ ရစေလိမ့်မည်' ဟုပြန်ပြောရမည်'' ဟူ၍ ပြောဆိုလေ၏။ Garrad Bible ထာ ဝ ရ ဘု ရား သည် လက် ရုံး တော့် တန် ခိုး ဖြင့် ငါ တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သော ကြောင့် ဤ ဝတ် သည် သင် တို့ လက်၌ လ က္ခ ဏာ သက် သေ၊ မျက် မှောင် ကြား ၌ သင်း ကျစ် သ ဖွယ် ဖြစ် ရ မည် ဟု ဆင့် ဆို လေ ၏။ Judson Bible ဤအရာသည်လည်း၊ သင်၏လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ သင်းကျစ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူပြီဟု လူများတို့အားပြောဆိုလေ၏။ |
သူတို့သည် ကိုယ်တော်၏ကြီးမားသောတန်ခိုးတော်၊ အားကြီးသောလက်တော်ဖြင့် ရွေးနုတ်တော်မူသော ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏လူမျိုးတော် ဖြစ်ပါ၏။
ကိုယ်တော်သည် အစ္စရေးလူမျိုးကို ထိုသူတို့အထဲမှ ထုတ်ဆောင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
သွေးသည် သင်တို့နေသောအိမ်များ၌ သင်တို့အတွက် အမှတ်လက္ခဏာဖြစ်လိမ့်မည်။ ငါသည် ထိုသွေးကိုမြင်သောအခါ သင်တို့ကိုကျော်သွားမည်။ အီဂျစ်ပြည်ကို ငါဒဏ်ခတ်သောအခါ ဖျက်ဆီးခြင်းဘေးဒဏ်သည် သင်တို့အပေါ်သို့ သက်ရောက်မည်မဟုတ်။
နှစ်ပေါင်းလေးရာ့သုံးဆယ်ပြည့်သောနေ့၌ပင် ထာဝရဘုရား၏လူစုအပေါင်းတို့သည် အီဂျစ်ပြည်မှထွက်လာခဲ့ကြ၏။
နောင်ကာလ၌ သင်တို့၏သားများက ‘ဤအမှုကား မည်သို့ဆိုလိုသနည်း’ဟု သင်တို့အား မေးမြန်းကြသောအခါ သင်တို့ကလည်း ‘ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။
ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသောကြောင့် ထာဝရဘုရား၏တရားတော်သည် သင်တို့၏နှုတ်၌တည်မည့်အကြောင်း သင်တို့အတွက် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌ အမှတ်ရစရာအဖြစ် ရှိရမည်။
ထာဝရဘုရားက မောရှေအား “ယခု ငါသည် ဖာရောမင်းကြီးအား မည်သို့ပြုမည်ကို သင်တွေ့မြင်ရမည်။ အားကြီးသောလက်တော်ကြောင့် သူသည် ဤလူမျိုးကို လွှတ်လိမ့်မည်။ အားကြီးသောလက်တော်ကြောင့် သူသည် ဤလူမျိုးကို သူ၏တိုင်းပြည်မှ နှင်ထုတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ အစ္စရေးအမျိုးသားတို့အား ‘ငါသည် ထာဝရဘုရားဖြစ်၏။ အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကို ဆွဲထုတ်၍ သူတို့၏ကျွန်ပြုခြင်းမှလည်း သင်တို့ကို ငါကယ်နုတ်မည်။ လက်ရုံးကိုဆန့်လျက် သူတို့ကိုကြီးလေးသောအပြစ်ဒဏ်ပေးခြင်းဖြင့် သင်တို့ကို ငါရွေးနုတ်မည်။
၎င်းတို့ကို သင်၏စိတ်နှလုံးတွင် အစဉ်မပြတ်ချည်ထား၍ သင်၏လည်ပင်း၌ဆွဲထားလော့။
တန်ခိုးကြီးသောလက်တော်ဖြင့် လူမျိုးတော်ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့ခြင်းဖြင့် နာမတော်ကို ထင်ရှားစေခဲ့သောအကျွန်ုပ်တို့၏အရှင် ဘုရားသခင်၊ အကျွန်ုပ်တို့သည် ယနေ့တိုင် အပြစ်ပြုလျက်၊ ဆိုးယုတ်လျက်သာ ရှိပါ၏။
သူတို့သည် မိမိတို့ပြုသမျှသောအမှုတို့ကို လူတို့မြင်စေရန်သာပြုကြ၏။ အကြောင်းမူကား သူတို့သည် မိမိတို့၏ကျမ်းလက်ဖွဲ့အဆောင်များကိုကြီးစွာလုပ်၍ ဝတ်ရုံပန်းဖွားများကို ရှည်လျားစွာထားကြ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်သည် ငါတို့ဘိုးဘေးများကို ရွေးကောက်တော်မူ၍ အီဂျစ်ပြည်၌ ဧည့်သည်အဖြစ်နေထိုင်စဉ် ဤလူမျိုးတော်ကို ချီးမြှောက်တော်မူ၏။ ထို့နောက် အားကြီးသောလက်ရုံးတော်အားဖြင့် သူတို့ကို ထိုတိုင်းပြည်မှ ထုတ်ဆောင်တော်မူပြီး
သို့ဖြစ်၍ ငါဆင့်ဆိုသော ဤနှုတ်ကပတ်တော်တို့ကို သင်တို့၏စိတ်နှလုံးထဲ၌လည်းကောင်း၊ သင်တို့၏စိတ်ဝိညာဉ်ထဲ၌လည်းကောင်း သွင်းထားရမည်။ သင်တို့၏လက်၌ အမှတ်လက္ခဏာအဖြစ် ချည်ထားရမည်။ သင်တို့၏မျက်မှောင်၌ အမှတ်သင်္ကေတအဖြစ် ရှိစေရမည်။
ထိုအခါ ထာဝရဘုရားသည် အားကြီးသောလက်နှင့် လက်ရုံးတော်ကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက်၊ နိမိတ်လက္ခဏာများပြလျက်၊ အံ့ဩဖွယ်အမှုများပြုလျက် အကျွန်ုပ်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူ၏။
သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့ကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် အားကြီးသောလက်နှင့် လက်ရုံးတော်ကိုဆန့်လျက် သင့်အား ထိုပြည်မှထုတ်ဆောင်တော်မူခဲ့ကြောင်းကိုလည်းကောင်း အောက်မေ့လော့။ ထိုအကြောင်းကြောင့် ဥပုသ်နေ့ကိုစောင့်ထိန်းရန် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အားမိန့်မှာတော်မူခဲ့ခြင်းဖြစ်၏။
သင်တို့ကလည်း သင်တို့၏သားသမီးများအား ‘ငါတို့သည် အီဂျစ်ပြည်၌ ဖာရောမင်းကြီး၏ကျွန်ဖြစ်ခဲ့ကြ၏။ သို့သော် ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့၏။
သူတို့သည် အီဂျစ်ပြည်မှ မိမိတို့ကိုထုတ်ဆောင်တော်မူခဲ့သည့် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ပြီး မိမိတို့ပတ်လည်ရှိလူမျိုးတို့၏ဘုရားများနောက်သို့လိုက်၍ ထိုဘုရားများကိုရှိခိုးကိုးကွယ်ခြင်းဖြင့် ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်ကြ၏။