အကယ်၍ သင်သည် ငါ၏လူမျိုးတော်ကို မလွှတ်ဘဲ ငြင်းဆန်နေမည်ဆိုလျှင် မနက်ဖြန် သင့်နယ်မြေထဲသို့ ကျိုင်းကောင်များကို ငါရောက်လာစေမည်။
သင်သည်ငါ၏လူမျိုးတော်တို့အားသွားခွင့် မပေးလျှင် နက်ဖြန်နေ့၌ငါသည်သင်၏တိုင်း ပြည်တွင်ကျိုင်းကောင်များရောက်ရှိလာစေ မည်။-
လူ မျိုး တော် ကို မ လွှတ် လို ငြင်း ဆို လျှင် သင့် ပြည် တွင်း သို့ ကျိုင်း ကောင် များ ကို နက် ဖြန် ငါ ဆောင် ခဲ့ သ ဖြင့်၊
သို့မဟုတ် ငါ၏လူတို့ကိုမလွှတ်ဘဲနေလျှင်၊ ကြည့်ရှုလော့။ ကျိုင်းကောင်တို့ကို သင်၏ပြည်သို့ နက်ဖြန်ငါဆောင်ခဲ့မည်။
မောရှေနှင့်အာရုန်တို့သည်လည်း ဖာရောမင်းကြီးထံသို့ဝင်၍ “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် ငါ့ရှေ့၌ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘဲ မည်မျှကြာအောင်တင်းခံနေမည်နည်း။ ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
ကျိုင်းကောင်များသည် မြေမျက်နှာပြင်ကိုဖုံးလွှမ်းသဖြင့် မြေကြီးကိုမြင်ရတော့မည်မဟုတ်။ ထိုကျိုင်းကောင်တို့သည် မိုးသီးဘေးဖြစ်ပြီးနောက် သင်တို့၌ကြွင်းကျန်သောအကြွင်းအကျန်တို့ကို စားကြလိမ့်မည်။ သင်တို့၏လယ်၌ပေါက်သောအပင်ရှိသမျှတို့ကို စားကြလိမ့်မည်။
ငါ့ကိုဝတ်ပြုရန် ငါ့သားကိုလွှတ်လော့ဟု သင့်အား ငါမိန့်ဆို၏။ သူ့ကိုမလွှတ်ဘဲ သင်ငြင်းဆန်နေမည်ဆိုလျှင် သင့်သား၊ သင်၏သားဦးကို ငါကွပ်မျက်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
ထို့နောက်တွင် မောရှေနှင့်အာရုန်သည် ဖာရောမင်းကြီးထံသို့ဝင်၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘တောကန္တာရ၌ ငါ့အဖို့ ပွဲတော်ကျင်းပရန် ငါ၏လူမျိုးတော်ကို လွှတ်လော့’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ကြ၏။
ဖာရောမင်းကြီးက “မနက်ဖြန်”ဟု ဆိုလျှင် မောရှေက “အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားနှင့်တူသောဘုရားမရှိကြောင်း အရှင်သိမြင်စေရန် အရှင်၏စကားအတိုင်း ဖြစ်လိမ့်မည်။
ငါသည် ငါ၏လူမျိုးတော်နှင့်သင်၏လူမျိုးကြားတွင် ခြားနားမှုရှိစေမည်။ ဤနိမိတ်လက္ခဏာသည် မနက်ဖြန်၌ ဖြစ်လိမ့်မည်’ဟူ၍ မိန့်ဆိုတော်မူကြောင်း ဖာရောမင်းကြီးအားဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
အီဂျစ်ပြည်တည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်ခဲ့ဖူးသော မိုးသီးသည်းထန်စွာရွာကျခြင်းကို မနက်ဖြန် ဤအချိန်တွင် ငါဖြစ်စေမည်။
ထာဝရဘုရားသည် အချိန်ကိုသတ်မှတ်တော်မူ၍ “ငါထာဝရဘုရားသည် ထိုအမှုကို မနက်ဖြန် ဤပြည်ထဲ၌ ပြုတော်မူမည်”ဟု မိန့်တော်မူ၏။
ဘုရင်မရှိသော်လည်း တစ်စုတစ်ပေါင်းတည်း စီတန်းသွားလာတတ်သောကျိုင်းကောင်များနှင့်
“သင်တို့ထံ ငါစေလွှတ်ခဲ့သော စစ်သည်အလုံးအရင်းများဖြစ်သည့် အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတို့ ဝါးမျိုဖျက်ဆီးသောနှစ်ကာလတစ်လျှောက် သင်တို့ဆုံးရှုံးခဲ့သမျှကို ငါပြန်ပေးမည်။
သင်သည် လယ်ယာ၌မျိုးစေ့များစွာကြဲသော်လည်း ကျိုင်းကောင်စားသောကြောင့် အနည်းငယ်သာ စုသိမ်းရလိမ့်မည်။
ထို့နောက် ထိုမီးခိုးထဲမှ ကျိုင်းကောင်များသည် မြေကြီးပေါ်သို့ထွက်လာကြ၏။ သူတို့အား မြေကြီး၏ကင်းမြီးကောက်တို့၌ရှိသည့် အစွမ်းကဲ့သို့သောအစွမ်းကို ပေးအပ်ထား၏။