တစ်ဖန် ထာဝရဘုရားက မောရှေအား “ဖာရောမင်းကြီးထံသို့ဝင်လော့။ ငါသည် ဖာရောမင်းကြီးနှင့် သူ၏အမှုထမ်းတို့ရှေ့၌ ဤနိမိတ်လက္ခဏာများကိုပြရန်နှင့်
ထွက်မြောက် 10:20 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့ကိုမလွှတ်ဘဲနေလေ၏။ Common Language Bible သို့ရာတွင်ထာဝရဘုရားသည်ဘုရင်ကို ခေါင်းမာစေသဖြင့် သူသည်ဣသရေလ အမျိုးသားတို့အားသွားခွင့်မပြုဘဲနေ လေ၏။ Garrad Bible သို့ ရာ တွင် ထာ ဝ ရ ဘု ရား သည် ဖာ ရော မင်း၏ စိတ် နှ လုံး ကို ခဲ ယဉ်း စေ တော် မူ သ ဖြင့် ဣ သ ရေ လ အ မျိုး သား တို့ ကို မ လွှတ် ဘဲ နေ သေး ၏။ Judson Bible သို့သော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်လေ၏။ |
တစ်ဖန် ထာဝရဘုရားက မောရှေအား “ဖာရောမင်းကြီးထံသို့ဝင်လော့။ ငါသည် ဖာရောမင်းကြီးနှင့် သူ၏အမှုထမ်းတို့ရှေ့၌ ဤနိမိတ်လက္ခဏာများကိုပြရန်နှင့်
ထာဝရဘုရားသည် အနောက်လေကို အပြင်းအထန်တိုက်ခတ်စေ၍ ထိုလေသည် ကျိုင်းကောင်များကိုဆောင်ယူသွားပြီး ပင်လယ်နီထဲသို့ချလိုက်သဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးတွင် ကျိုင်းကောင်တစ်ကောင်မျှမကြွင်းကျန်တော့ပေ။
ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို လွှတ်ပေးလိုသောဆန္ဒမရှိ။
မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းကြီး၏ရှေ့၌ ဤအံ့ဩဖွယ်အမှုအလုံးစုံတို့ကိုပြုသော်လည်း ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့ကို မိမိပြည်မှ မလွှတ်ပေးဘဲနေလေ၏။
သို့သော် အီဂျစ်ဘုရင်သည် အားကြီးသောလက်တော်ကြောင့်မဟုတ်လျှင် သင်တို့အား သွားခွင့်ပြုမည်မဟုတ်ကြောင်း ငါသိ၏။
ထာဝရဘုရားက မောရှေအား “သင်သည် အီဂျစ်ပြည်သို့ပြန်ရောက်သောအခါ သင်၌ ငါအပ်ပေးသော အံ့ဩဖွယ်အမှုအလုံးစုံတို့ကို ဖာရောမင်းကြီးရှေ့၌ပြုလော့။ သို့ရာတွင် ငါသည် သူ၏စိတ်နှလုံးကို မာကျောစေမည်ဖြစ်၍ သူသည် အစ္စရေးလူမျိုးတို့ကို မလွှတ်ဘဲနေလိမ့်မည်။
ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
ထို့ကြောင့် ဘုရားသခင်သည် သနားလိုသောသူကို သနားတော်မူ၍ ခေါင်းမာစေလိုသောသူကို ခေါင်းမာစေတော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏စိတ်ကို မာကျောစေတော်မူသောကြောင့် ငါတို့ကို သူ့ပြည်ထဲမှ ဖြတ်သွားခွင့်မပြု။ ထိုသို့ သူ၏စိတ်နှလုံးကို မာကျောစေခြင်းသည် ယနေ့မြင်ရသည့်အတိုင်း သူ့ကို သင်တို့၏လက်သို့အပ်တော်မူရန်အတွက်ဖြစ်၏။