ထိုစပါးနှံတို့နောက်မှ သုန်ဖျင်း၍အရှေ့လေကြောင့်ညှိုးရော်နေသော စပါးနှံခုနစ်နှံသည်လည်း ပေါက်လာ၏။
ထွက်မြောက် 10:13 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ မောရှေသည် မိမိတောင်ဝှေးကို အီဂျစ်ပြည်ပေါ်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် ထိုပြည်ပေါ်သို့ ထိုနေ့တစ်နေ့လုံး ထိုညတစ်ညလုံး အရှေ့လေကို တိုက်ခတ်စေတော်မူ၏။ နံနက်အချိန်ရောက်သောအခါ ထိုအရှေ့လေသည် ကျိုင်းကောင်များကို သယ်ဆောင်လာ၏။ Common Language Bible သို့ဖြစ်၍မောရှေသည်မိမိ၏တောင်ဝှေး ကိုကိုင်လျက် လက်ကိုဆန့်လိုက်ရာထာဝရ ဘုရားသည် ထိုနေ့နှင့်တစ်ညပတ်လုံးအရှေ့ ဘက်မှလေပြင်းတိုက်ခတ်စေတော်မူ၏။ နံနက်ရောက်သော်ထိုအရှေ့လေဖြင့် ကျိုင်းကောင်များရောက်ရှိလာကြ၏။- Garrad Bible တောင် ဝေး ကို အိ ဂျစ် ပြည် ပေါ် မှာ မော ရှေ ဆန့် မိုး လျှင် ထို နေ့ နှင့် ညဉ့် ပတ် လုံး အ ရှေ့ လေ ကို ၎င်း ပြည် သို့ ထာ ဝ ရ ဘု ရား တိုက် စေ တော် မူ သ ဖြင့် နံ နက် တိုင် ရောက် သော် အ ရှေ့ လေ သည် ကျိုင်း ကောင် တို့ ကို ဆောင် ခဲ့ ၍၊ Judson Bible မောရှေသည် မိမိလှံတံကိုအဲဂုတ္တုပြည်အပေါ်မှာ ဆန့်သဖြင့်၊ ထိုနေ့နှင့် ထိုညပတ်လုံး၊ အရှေ့လေကို မြေပေါ်မှာ ထာဝရဘုရားလာစေတော်မူ၍၊ နံနက်ရောက်မှ အရှေ့လေသည် ကျိုင်းတို့ကိုဆောင်ခဲ့လေ၏။ |
ထိုစပါးနှံတို့နောက်မှ သုန်ဖျင်း၍အရှေ့လေကြောင့်ညှိုးရော်နေသော စပါးနှံခုနစ်နှံသည်လည်း ပေါက်လာ၏။
ကိုယ်တော်အမိန့်ရှိတော်မူသောအခါ မရေမတွက်နိုင်သော ကျိုင်းကောင်နှင့်နှံကောင်တို့သည် ရောက်လာ၍
မီးနှင့်မိုးသီး၊ နှင်းပွင့်နှင့်မြူခိုး၊ ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်သော လေမုန်တိုင်း၊
ကိုယ်တော်သည် အရှေ့လေကို ကောင်းကင်မှထွက်ခွာစေပြီး မိမိ၏အစွမ်းသတ္တိအားဖြင့် တောင်လေကိုတိုက်ခတ်လာစေတော်မူ၏။
သူတို့၏အသီးအနှံကို နှံကောင်တို့အားလည်းကောင်း၊ သူတို့လုပ်ဆောင်ရရှိသောအရာကို ကျိုင်းကောင်တို့အားလည်းကောင်း ပေးတော်မူ၏။
မောရှေသည် မိမိ၏လက်ကို ပင်လယ်အပေါ်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် အားကြီးသောအရှေ့လေဖြင့် ပင်လယ်ကို တစ်ညလုံး တိုက်ထုတ်တော်မူ၏။ ထိုအခါ ပင်လယ်သည် ခြောက်သွေ့သောမြေဖြစ်သွား၍ ရေသည်ကွဲပြတ်လေ၏။
ဘုရင်မရှိသော်လည်း တစ်စုတစ်ပေါင်းတည်း စီတန်းသွားလာတတ်သောကျိုင်းကောင်များနှင့်
ထိုအခါ ထာဝရဘုရားသည် ပင်လယ်ပြင်တွင် လေပြင်းတိုက်ခတ်စေသဖြင့် လေမုန်တိုင်းကြီးကျရောက်လေ၏။ သင်္ဘောမှာလည်း ကျိုးပဲ့လုမတတ်ဖြစ်လေ၏။
နေထွက်လာသောအခါ ဘုရားသခင်သည် အလွန်ပူပြင်းသောအရှေ့လေကို တိုက်ခတ်စေ၍ ယောနခေါင်းပေါ်သို့ နေပူရှိန်ကျသဖြင့် သူသည် မောပန်းပြီး သေချင်စိတ်ပေါက်လေ၏။ ထို့ကြောင့် သူက “အကျွန်ုပ်အသက်ရှင်သည်ထက် သေသည်က သာ၍ကောင်းပါ၏”ဟု ဆိုလေ၏။
ထိုသူတို့သည် အံ့ဩလျက် “ဤသူကား မည်သို့သောသူဖြစ်သနည်း။ လေနှင့်ပင်လယ်တို့ပင်လျှင် သူ့ကိုနာခံကြပါသည်တကား”ဟု ပြောဆိုကြ၏။